ထို့ကြောင့် အတွင်း၌ ရှိသောအရာများကို ဆင်းရဲနွမ်းပါးသူအား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံးသည် သင်တို့အတွက် စင်ကြယ်လိမ့်မည်။
၁ ကော 10:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ တစ်စုံတစ်ရာကို ပြုလုပ်သည်ဖြစ်စေ အရာအားလုံးကို ဘုရားသခင်၏ ဘုန်းတော်အတွက် ပြုကြလော့။ Common Language Bible သင်တို့သည်စားသည်ဖြစ်စေ၊ အဘယ်အမှု ကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်း အသရေတော်အတွက်ပြုကြလော့။- Garrad Bible သို့ ဖြစ်၍ စား သည် ဖြစ် စေ၊ သောက် သည် ဖြစ် စေ၊ မည် သည့် အ မှု မ ဆို ပြု သည် ဖြစ် စေ။ ဘု ရား သ ခင် ဘုန်း တော့် အ လို့ ငှာ ပြု ကြ လော့။ Judson Bible သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကို ပြုသော်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ခပ်သိမ်းသောအမှုတို့ကို ဘုရားသခင်၏ဘုန်းတော်အတွက် ပြုကြလော့။ |
ထို့ကြောင့် အတွင်း၌ ရှိသောအရာများကို ဆင်းရဲနွမ်းပါးသူအား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံးသည် သင်တို့အတွက် စင်ကြယ်လိမ့်မည်။
ထို့ကြောင့် သူသည် စိတ်နှစ်ခွဖြစ်နေတတ်၏။ ထိုနည်းတူ အိမ်ထောင်မရှိသောအမျိုးသမီး၊ သို့မဟုတ် အပျိုစင်သည် ခန္ဓာနှင့် စိတ်နှစ်ခုလုံး သန့်ရှင်းစေရန် သခင်ဘုရား၏ အမှုတော်ကို ဂရုစိုက်တတ်၏။ သို့သော် အိမ်ထောင်ရှိသောအမျိုးသမီးမှာမူ မိမိခင်ပွန်းအား မည်သို့ နှစ်သက်စေရမည်ကို တွေးတောလျက် လောကီဆိုင်ရာဝတ္တရားများကို ဂရုစိုက်တတ်၏။
အပြောအဆိုအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ ပြုလေသမျှတို့တွင် သခင်ယေရှု၏ နာမတော်ကို ထောက်၍ ပြုကြလော့။ ထိုသခင်ကို အကြောင်းပြု၍ အဖဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
သင်တို့ ပြုလေသမျှတို့တွင် လူတို့အတွက် ပြုသကဲ့သို့မဟုတ်ဘဲ သခင်ဘုရားအတွက် ပြုသကဲ့သို့ စိတ်ပါလက်ပါ ပြုကြလော့။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။