ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
၁ ကော 1:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့သည် ကျွန်ုပ်၏ အမည်နာမကို အမှီပြု၍ နှစ်ခြင်းမင်္ဂလာ ခံယူခဲ့သည်ဟု မည်သူမျှ ပြောစရာအကြောင်းမရှိပေ။ Common Language Bible သို့ဖြစ်၍သင်တို့သည်ငါ၏နာမကိုအမှီပြု ၍ဗတ္တိဇံခံယူကြသည်ဟုအဘယ်သူမျှ မပြောနိုင်။- Judson Bible သို့ဖြစ်၍ ပေါလုသည် မိမိနာမ၌ ဗတ္တိဇံကိုပေးသည်ဟု အဘယ်သူမျှ ဆိုစရာအကြောင်းမရှိ။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါ၏နာမ၌ ဗတ္တိဇံခံခဲ့သည်ဟု မည်သူမျှ ပြောစရာအကြောင်းမရှိ။ |
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ထိုသူတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် ဂျော်ဒန်မြစ်ထဲ၌ ထိုသူတို့ကို နှစ်ခြင်းမင်္ဂလာပေးလေ၏။
မိမိခံယူချက်အတိုင်း ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ သို့သော် မိမိကို စေလွှတ်တော်မူသောအရှင်၏ ဘုန်းအသရေကို ရှာသောသူသည် ဖြောင့်မှန်သောသူဖြစ်ပြီး မလိမ်ညာတတ်။
ကျွန်ုပ်သည် ကရိပ္ပုနှင့် ဂါယုမှလွဲ၍ သင်တို့ထဲက မည်သူ့ကိုမျှ နှစ်ခြင်းမင်္ဂလာမပေးခဲ့သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်၏။
သတေဖနာ၏ အိမ်သူအိမ်သားများကိုလည်း ကျွန်ုပ်နှစ်ခြင်းမင်္ဂလာပေးခဲ့၏။ ထိုသူတို့အပြင် အခြားသောသူတို့အား နှစ်ခြင်းမင်္ဂလာပေးခဲ့သည်၊ မပေးခဲ့သည်ကို ကျွန်ုပ်မမှတ်မိ။
ကျွန်ုပ်သည် ဘုရားသခင်၏ သဝန်တိုခြင်းမျိုးဖြင့် သင်တို့ကို သဝန်တို၏။ ကျွန်ုပ်သည် သင်တို့ကို စင်ကြယ်သောအပျိုစင်အဖြစ် တစ်ဦးတည်းသောခင်ပွန်းဟူသော ခရစ်တော်ထံ အပ်နှင်းရန် ကတိပြုထား၏။