ယေရှုက “ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်တစ်ခုလုံး၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့’
ဧဖက် 6:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို မပျက်ပြယ်သော ချစ်ခြင်းဖြင့် ချစ်သောသူအပေါင်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရပါစေသော။ ဧဖက်ဩဝါဒစာ ပြီးပါပြီ။ Common Language Bible အဘယ်အခါ၌မျှမပျက်မပြယ်နိုင်သည့် မေတ္တာဖြင့် ငါတို့သခင်ယေရှုခရစ်အားချစ် ကြကုန်သောလူအပေါင်းတို့အပေါ်သို့ ဘုရားသခင်၏ကျေးဇူးတော်သက်ရောက် ပါစေသော။ ဧဖက်သြဝါဒစာပြီး၏။ Garrad Bible ငါ တို့ အ ရှင် ယေ ရှု ခ ရစ် တော် ကို နိ ယာ မ ချစ် ခြင်း ရှိ သူ တို့ နှင့် အ တူ ကျေး ဇူး တော် တည် ရှိ စေ သ တည်း။ Judson Bible ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သောသူ အပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ ဧဖက်ဩဝါဒစာပြီး၏။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏သခင်ယေရှုခရစ်တော်ကို မဖောက်ပြန်သောမေတ္တာဖြင့် ချစ်သောသူအပေါင်းတို့အပေါ်၌ ကျေးဇူးတော်သက်ရောက်ပါစေသော။ |
ယေရှုက “ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်တစ်ခုလုံး၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့’
သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ကောင်းမှုကို အစဉ်တစိုက်ပြု၍ ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် မပျက်စီးမယိုယွင်းသောဘဝကို ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ ကောရိန္သုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
သင်တို့လှူဒါန်းရန် စေတနာစိတ်ရှိလျှင် ဘုရားသခင်သည် သင်တို့၌ မရှိသောအရာကို မထောက်ဘဲ ရှိသောအရာကို ထောက်၍ သင်တို့၏ လှူဒါန်းခြင်းကို လက်ခံတော်မူလိမ့်မည်။
ဤသည်မှာ ကျွန်ုပ်သည် သင်တို့ကို အမိန့်ပေးနေခြင်းမဟုတ်။ သို့သော် သင်တို့၏ ချစ်ခြင်းမေတ္တာစစ်မှန်မှုကို အခြားသူတို့၏ စိတ်အားထက်သန်မှုနှင့် နှိုင်းယှဉ်၍ စစ်ဆေးခြင်းသာဖြစ်၏။
ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့သည် ညီအစ်ကိုမောင်နှမတို့အပေါ် သက်ရောက်ပါစေသော။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ယေရှုခရစ်တော်၏ အစေအပါးများဖြစ်ကြသော ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူးသဖြင့် အသင်းတော်ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များထံသို့ ပို့လိုက်သော စာဖြစ်၏။
ကျွန်ုပ်ပေါလုကိုယ်တိုင် ဤနှုတ်ဆက်စကားကို ကျွန်ုပ်လက်နှင့် ရေးလိုက်ပါ၏။ ကျွန်ုပ် အကျဉ်းချခံရခြင်းကို သတိရဆုတောင်းပေးကြလော့။ ခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့ခံစားရပါစေသော။ ကောလောသဲဩဝါဒစာ ပြီးပါပြီ။
သခင်ဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။
အရာရာ၌ ကောင်းမှုကို ပြု၍ သင်ကိုယ်တိုင်စံနမူနာဖြစ်စေလော့။ သွန်သင်ရာတွင် ရိုးသားပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊
ကျွန်ုပ်နှင့်အတူရှိသောသူအားလုံးသည် သင့်အား နှုတ်ဆက်လိုက်ပါ၏။ ယုံကြည်ခြင်းနှင့်တကွ ကျွန်ုပ်တို့ကို ချစ်ကြသောသူများအားလည်း နှုတ်ဆက်ပေးလော့။ ကျေးဇူးတော်သည် သင်တို့အားလုံးအပေါ် သက်ရောက်ပါစေသော။ တိတုဩဝါဒစာ ပြီးပါပြီ။