ဧဖက် 6:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သမ္မာတရားဟူသော ခါးစည်းကို စည်းလျက်၊ ဖြောင့်မတ်ခြင်းဟူသော ရင်အုပ်ကာချပ်ဝတ်ကို ဝတ်ဆင်လျက်၊ Common Language Bible သို့ဖြစ်၍အသင့်ရှိနေကြလော့။ သစ္စာတရား တည်းဟူသောခါးပန်းကြိုးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတည်းဟူသောရင်အုပ်တန် ဆာကိုလည်းကောင်း၊- Garrad Bible ထို သို့ သ စ္စာ စောင့် ခြင်း ကို ခါး စည်း လျက်၊ ဖြောင့် မတ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊ Judson Bible သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သမ္မာတရားဖြင့် သင်တို့ခါးကိုစည်းလျက် ဖြောင့်မတ်ခြင်းရင်အုပ်တန်ဆာကို ဝတ်ဆင်ကာ |
ညအချိန် ကုန်ဆုံးတော့မည်ဖြစ်ပြီး နေ့အချိန်သည် နီးကပ်လာပြီ။ ထို့ကြောင့် ကျွန်ုပ်တို့သည် အမှောင်၌ ပြုသောအကျင့်များကို ဖယ်ရှား၍ အလင်း၏ လက်နက်များကို ကိုင်ဆောင်ကြရမည်။
သမ္မာတရားကို ဟောပြောခြင်း၊ ဘုရားသခင်၏ တန်ခိုးတော်ကို ပြခြင်းတို့ဖြင့်လည်းကောင်း၊ လက်ဝဲ လက်ယာ၌ ကိုင်ဆောင်ထားသော ဖြောင့်မတ်ခြင်းလက်နက်များအားဖြင့်လည်းကောင်း၊
အလင်း၏အသီးအပွင့်သည် အမျိုးမျိုးသော ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်းတို့ ဖြစ်ကြ၏။
ထို့ကြောင့် ဘုရားသခင်၏ လက်နက်စုံကို ဝတ်ဆင်ကြလော့။ သို့ပြုလျှင် ထိုဆိုးသော နေ့ရက်ကာလ၌ သင်တို့သည် ခုခံကာကွယ်နိုင်၍ တိုက်ပွဲ ပြီးဆုံးသောအခါ၌လည်း ရပ်တည်နိုင်ဆဲ ဖြစ်လိမ့်မည်။
သို့သော် ကျွန်ုပ်တို့သည် နေ့၏သားသမီးများဖြစ်သောကြောင့် တည်ကြည်လျက် သတိရှိကြစို့။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို ရင်အုပ်ကာချပ်ဝတ်အဖြစ် ဝတ်ဆင်လျက် ကယ်တင်ခံရမည်ဟူသော မျှော်လင့်ခြင်းကို သံခမောက်အဖြစ် ဆောင်းကြစို့။
ထို့ကြောင့် သင်တို့၏ စိတ်နှလုံးကို အသင့်ပြင်၍ တည်ကြည်စေကြလော့။ ယေရှုခရစ်တော် ပြန်လည်ကြွလာသောအခါ သင်တို့ခံစားရမည့် ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
ကျွန်ုပ်၏ရူပါရုံတွင် မြင်းများနှင့် မြင်းစီးသူရဲများကို မြင်ရ၏။ သူတို့၏ရင်အုပ်ကာချပ်ဝတ်များသည် မီးလျှံကဲ့သို့သောအနီရောင်၊ နက်ပြာရောင်၊ ကန့်ကဲ့သို့သောအဝါရောင်ဖြစ်၏။ မြင်းတို့၏ဦးခေါင်းသည် ခြင်္သေ့ခေါင်းနှင့်တူ၍ မြင်းတို့၏ပါးစပ်မှ မီးလျှံ၊ မီးခိုး၊ ကန့်များထွက်လာ၏။
သူတို့တွင် သံချပ်ဝတ်ကဲ့သို့သော ရင်အုပ်ကာချပ်ဝတ်များပါရှိပြီး သူတို့၏တောင်ပံခတ်သံသည် စစ်ပွဲသို့ ပြေးလာသောမြင်းရထားများ၏အသံကဲ့သို့ဖြစ်၏။