ဤသို့သော စိတ်ထားဖြင့် ခရစ်တော်ကို အစေခံသောသူအား ဘုရားသခင်နှစ်သက်တော်မူ၏။ လူတို့ကလည်း ချီးမွမ်းကြ၏။
ဧဖက် 5:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဘုရား နှစ်သက်တော်မူသောအရာမှာ မည်သည့်အရာ ဖြစ်သည်ကို ဆန်းစစ်ကြလော့။ Common Language Bible သခင်ဘုရားနှစ်သက်တော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုကြိုးစား ၍သင်ယူကြလော့။- Garrad Bible မည် သည့် အ ရာ ကို အ ရှင် ဘု ရား နှစ် သက် တော် မူ ကြောင်း စံ ချ လျက်၊ Judson Bible သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရားနှစ်သက်တော်မူသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိကြလော့။ |
ဤသို့သော စိတ်ထားဖြင့် ခရစ်တော်ကို အစေခံသောသူအား ဘုရားသခင်နှစ်သက်တော်မူ၏။ လူတို့ကလည်း ချီးမွမ်းကြ၏။
ဤသည်မှာ သင်တို့သည် အကောင်းဆုံးဖြစ်သောအရာကို ပိုင်းခြားသိမြင်နိုင်၍ ခရစ်တော် ပြန်ကြွလာမည့်နေ့တိုင်အောင် ဖြူစင်ရိုးသားပြီး အပြစ်ဆိုဖွယ်မရှိစေရန် ဖြစ်၏။
ယခုအခါ ကျွန်ုပ်၌ လိုအပ်သောအရာများအားလုံးကို လက်ခံရရှိ၍ ကြွယ်ဝလျက် ရှိပြီ။ သင်တို့ ရက်ရောစွာ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်ထံမှ လက်ခံရရှိ၍ ပြည့်စုံလျက် ရှိ၏။ ထိုအရာတို့သည် မွှေးကြိုင်သောပူဇော်စရာ၊ ဘုရားသခင် လက်ခံနှစ်သက်တော်မူသောယဇ် ဖြစ်ကြ၏။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
သို့သော် အရာအားလုံးကို မှန်မမှန် စစ်ဆေးပြီး ကောင်းမွန်သည့် အရာတို့ကို လက်ခံကြလော့။
ထိုသို့ ဆုတောင်းခြင်းသည် မွန်မြတ်ပြီး ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဘုရားသခင် နှစ်သက်တော်မူ၏။
သားသမီးများ၊ မြေးများရှိသော မုဆိုးမဖြစ်လျှင် ထိုသားသမီးမြေးတို့သည် အိမ်သူအိမ်သားများကို ကျွေးမွေးရန်နှင့် မိဘတို့ကို ကျေးဇူးဆပ်ရန် ဦးစွာသင်ယူပါစေ။ ၎င်းသည် မိမိတို့ပြုအပ်သောဘာသာရေးကျင့်ဝတ်ဖြစ်၏။ ဤသို့ပြုခြင်းသည် ဘုရားသခင်၏ စိတ်တော်ကို ကျေနပ်စေ၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မတုန်လှုပ်နိုင်သောနိုင်ငံကို ရရှိသဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ရိုသေလျက် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြစို့။
သင်တို့သည် ပြစ်မှား၍ ရိုက်နှက်ခံရသောအခါ သည်းခံလျှင် မည်သည့်ဂုဏ်ယူစရာရှိမည်နည်း။ သို့သော် ကောင်းမှုပြု၍ ရိုက်နှက်ခံရသောအခါ သည်းခံလျှင် ဘုရားသခင်ရှေ့တော်၌ ချီးကျူးထိုက်ဖွယ်ဖြစ်၏။
သင်တို့သည်လည်း အသက်ရှင်သောကျောက်များကဲ့သို့ ဝိညာဉ်ရေးရာအိမ်တော်တည်ဆောက်ရာတွင် ပါဝင်အသုံးခံကြ၏။ ဤသည်မှာ သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်၍ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှစ်သက်ဖွယ် ဝိညာဉ်ရေးရာပူဇော်စရာများကို ပူဇော်နိုင်ရန်ဖြစ်၏။