ပေတရုက “အာနနိ… သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပေးသနည်း။ သင်သည် မြေရောင်းရသောငွေတချို့ကို ယူထား၍ သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စားပြီ။
ဧဖက် 4:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မာရ်နတ်ကို အခွင့်အရေး မပေးကြနှင့်။ Common Language Bible မာရ်နတ်ကိုအခွင့်မပေးကြနှင့်။- Judson Bible အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း မာရ်နတ်ကိုလည်း အခွင့်မပေးကြနှင့်။ |
ပေတရုက “အာနနိ… သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပေးသနည်း။ သင်သည် မြေရောင်းရသောငွေတချို့ကို ယူထား၍ သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စားပြီ။
ချစ်ရသောသူတို့… ကိုယ်တိုင်လက်တုံ့မပြန်ကြနှင့်။ ဘုရားသခင်ကသာ စီရင်ပါစေ။ ကျမ်းစာ၌ “ထာဝရဘုရားက ‘လက်တုံ့ပြန်ခြင်းသည် ငါ့တာဝန် ဖြစ်၏။ သူတို့ကို အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်’ ဟု မိန့်တော်မူ၏” ဟူ၍ရေးသားထား၏။
မာရ်နတ်၏ စစ်ဆင်ခြင်းကို ခုခံကာကွယ်နိုင်ရန် ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆင်ကြလော့။
ဤအရာအားလုံးအပြင် ယုံကြည်ခြင်းဒိုင်းလွှားကိုလည်း ကိုင်ဆောင်ကြလော့။ ထိုဒိုင်းလွှားဖြင့် မာရ်နတ်၏ မီးမြားအားလုံးကို ငြှိမ်းသတ်နိုင်၏။
ထို့ကြောင့် ဘုရားသခင်ကို နာခံကြလော့။ မာရ်နတ်ကို ဆန့်ကျင်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်ပြေးသွားလိမ့်မည်။
မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိနှင့် စောင့်ကြလော့။ သင်တို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။