ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၍ ကျောက်တုံးများလည်း အက်ကွဲကြ၏။
ဟေဗြဲ 9:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကန့်လန့်ကာ တစ်ခုရှိပြီး ထိုကန့်လန့်ကာနောက်တွင် အသန့်ရှင်းဆုံးဌာနတော် ဟု ခေါ်သော ဒုတိယအခန်းရှိ၏။ Common Language Bible ဒုတိယကန့်လန့်ကာနောက်၌အလွန်သန့်ရှင်း ရာဌာနတော်ဟုခေါ်သောတဲတော်ရှိ၏။- Garrad Bible ဒု တိ ယ ကန့် လန့် ကာ အ တွင်း နံ့ သာ ပေါင်း တင် ရှို့ ရာ ရွှေ ပ လ္လင် တော်၊ မ န္န မုန့် ထည့် ရွှေ အိုး မှ စ၍ အ ဖူး ပေါ် သော အာ ရုန်၏ တောင် ဝှေး နှင့် ပ ဋိ ညာဉ် တော် ကျောက် ပြား များ ပါ သော ရွှေ မွမ်း ပ ဋိ ညာဉ် သေ တ္တာ တော်၊ ၎င်း ပေါ် တွင် အ ပြစ် ဖြေ ရာ ပ လ္လင် တော် ကို ဖြန့် မိုး သော ဘုန်း တော် ဆိုင် ရာ ခေ ရု ဗ များ ရှိ သော အ ထူး သန့် ရှင်း ရာ ဌာ န ခေါ် တဲ တော် တစ် ပိုင်း ရှိ၏။ ထို အ ရာ များ ကို စိတ် ဖြာ၍ ငါ တို့ ယ ခု မ ပြော မ ဆို နိုင်။ Judson Bible ဒုတိယကုလားကာအတွင်း၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဒုတိယကန့်လန့်ကာ၏နောက်တွင်မူကား အလွန်သန့်ရှင်းရာဌာနဟုခေါ်သောတဲတော်ရှိ၏။ |
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၍ ကျောက်တုံးများလည်း အက်ကွဲကြ၏။
ထိုမျှော်လင့်ချက်သည် ကျွန်ုပ်တို့စိတ်ဝိညာဉ်အတွက် လုံခြုံခိုင်ခံ့သောကျောက်ဆူးတစ်ခုကဲ့သို့ ဖြစ်၏။ ၎င်းသည် ကန့်လန့်ကာနောက်ကွယ်၌ရှိသော အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ကျွန်ုပ်တို့ကို ခေါ်ဆောင်လေ၏။
ဒုတိယအခန်းထဲသို့မူ ယဇ်ပုရောဟိတ်မင်းကြီး တစ်ပါးတည်းကသာ တစ်နှစ်လျှင် တစ်ကြိမ်တည်းဝင်ရ၏။ ထိုသို့ဝင်သောအခါ မိမိ၏အပြစ်များနှင့် လူတို့၏ မသိနားမလည်ဘဲကျူးလွန်မိသောအပြစ်များအတွက် သွေးကို ယူဆောင်၍ ပူဇော်ရ၏။
ဤစည်းမျဉ်းအရ တဲတော်၏ ပထမအခန်း တည်ရှိနေသရွေ့ အသန့်ရှင်းဆုံးဌာနတော်ဖြစ်သည့် ဒုတိယအခန်းသို့ ဝင်သည့်လမ်း မပွင့်သေးကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်က ဖော်ပြတော်မူ၏။