“အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ယေရှု… ကိုယ်တော်သည် အကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူရန် ဘုရားသခင်ကို အမှီပြု၍ တောင်းပန်ပါ၏” ဟု အော်ဟစ်၍ လျှောက်လေ၏။
ဟေဗြဲ 7:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤမေလခိဇေဒက်သည် ရှာလင်မြို့၏ဘုရင်ဖြစ်ပြီး အမြင့်မြတ်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်၏။ အာဗြဟံသည် ရှင်ဘုရင်များကို အနိုင်ရပြီး အောင်ပွဲခံ၍ ပြန်လာသောအခါ မေလခိဇေဒက်သည် အာဗြဟံကို ကြိုဆိုလျက် ကောင်းချီးပေးလေ၏။ Common Language Bible ဤမေလခိဇေဒက်ကားရှာလင်မင်းဖြစ်၍ အမြင့်မြတ်ဆုံးအရှင်ဖြစ်တော်မူသောဘုရား သခင်၏ယဇ်ပုရောဟိတ်တည်း။ ဘုရင်လေးပါး ကိုနှိမ်နင်းရာတိုက်ပွဲမှအာဗြဟံပြန်လာ သောအခါ သူသည်အာဗြဟံအားခရီးဦး ကြိုပြု၍ကောင်းချီးပေးသူဖြစ်ပေသည်။- Garrad Bible ဘု ရင် မင်း တို့ ကို လုပ် ကြံ ရာ မှ ပြန် လာ သော အာ ဗြ ဟံ အား ကြို ဆို လျက် ကောင်း ကြီး ပေး သူ၊ အာ ဗြ ဟံ့ ထံ လက် ရ ဥ စ္စာ ရှိ သ မျှ အ နက် ဆယ် ဖို့ တစ် ဖို့ ခံ ယူ သူ ရှာ လင် မင်း၊ မြင့် မြတ် သော ဘု ရား သ ခင့် ပ ရော ဟိတ် မေ လ ခိ ဇေ ဒက် သည် ဦး စွာ ဖြောင့် မတ် ခြင်း ဘု ရင် ဟူ၍ လည်း ကောင်း၊ နောက် ရှာ လင် မင်း တည်း ဟူ သော ငြိမ် သက် ခြင်း ဘု ရင် ဟူ၍ လည်း ကောင်း အ မည် ပ ညတ် ရှိ သည့် ပြင်၊ Judson Bible မင်းကြီးများကို လုပ်ကြံရာမှ ပြန်လာသော အာဗြဟံကို ခရီးဦးကြိုပြု၍ ကောင်းချီးပေးပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ဤမေလခိဇေဒက်ကား ဆလင်ဘုရင်ဖြစ်ပြီး အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။ သူသည် ဘုရင်များကိုချေမှုန်းရာမှပြန်လာသော အာဗြဟံကို ကြိုဆိုလျက် ကောင်းချီးပေးလေ၏။ |
“အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ယေရှု… ကိုယ်တော်သည် အကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူရန် ဘုရားသခင်ကို အမှီပြု၍ တောင်းပန်ပါ၏” ဟု အော်ဟစ်၍ လျှောက်လေ၏။
သူသည် ပေါလုနှင့် ကျွန်ုပ်တို့နောက်သို့ လိုက်၍ “ဤသူတို့သည် အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကို ဟောပြောရန် ရောက်ရှိလာကြပြီ” ဟု အော်ဟစ်ပြောဆိုလေ၏။
ယေရှုခရစ်တော်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာ၏။ ကိုယ်တော်သည် ရှေ့ပြေးဖြစ်တော်မူပြီး ကျွန်ုပ်တို့ကိုယ်စား အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ဝင်ရောက်တော်မူ၏။
အာဗြဟံသည်လည်း ထိုမင်းကြီးအား ရရှိသောပစ္စည်းများမှ ဆယ်ပုံတစ်ပုံကို ပေးလှူ၏။ မေလခိဇေဒက်ဟူသော အမည်၏ အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်း၏ဘုရင်” ဖြစ်ပြီး နောက်ပိုင်းတွင် သူ့ကို ရှာလင်ဘုရင်ဟု ခေါ်တွင်ကာ “ငြိမ်းချမ်းရေးဘုရင်” ဟု အဓိပ္ပာယ်ရ၏။
သူ၌ ဖခင်နှင့်မိခင်၊ မျိုးရိုး၊ ဘဝ၏ အစအဆုံး စသည့် မှတ်တမ်းများမရှိပေ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ ထာဝရယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိထားသူဖြစ်၏။
သို့သော် ဤမေလခိဇေဒက်သည် လေဝိမျိုးဆက်မဟုတ်သော်လည်း သူသည် အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့အလှူကို ခံယူလျက် ဘုရားသခင်၏ကတိတော်ကို ရရှိထားသော အာဗြဟံအား ကောင်းချီးပေးခဲ့၏။