သို့ဖြစ်၍ မည်သူသည် ကျွန်ုပ်တို့ကို အပြစ်စီရင်မည်နည်း။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံတော်မူသည်သာမက ရှင်ပြန်ထမြောက်တော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်လျက် ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံတော်မူ၏။
ဟေဗြဲ 6:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာ၏။ ကိုယ်တော်သည် ရှေ့ပြေးဖြစ်တော်မူပြီး ကျွန်ုပ်တို့ကိုယ်စား အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ဝင်ရောက်တော်မူ၏။ Common Language Bible ယဇ်ပုရောဟိတ်မေလခိဇေဒက်၏အရိုက် အရာကိုဆက်ခံသူယဇ်ပုရောဟိတ်မင်း အဖြစ် ဆက်ခံသူသခင်ယေရှုသည်ထို ဌာနတော်သို့ငါတို့အတွက်ဝင်တော်မူပြီ။ Judson Bible မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်းအရပ်ထဲသို့ ရှေ့ဆောင်၍ဝင်သောသူ ဖြစ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာပြီး ထိုကန့်လန့်ကာအတွင်းသို့ ရှေ့ဆောင်လမ်းခင်းပေးသူအဖြစ် ငါတို့ကိုယ်စားဝင်တော်မူ၏။ |
သို့ဖြစ်၍ မည်သူသည် ကျွန်ုပ်တို့ကို အပြစ်စီရင်မည်နည်း။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံတော်မူသည်သာမက ရှင်ပြန်ထမြောက်တော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်လျက် ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံတော်မူ၏။
ကျွန်ုပ်တို့ကို ခရစ်တော်နှင့်တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ကောင်းကင်အရပ်ရှိ ဝိညာဉ်ရေးရာ ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသော ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ အဖဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားသမီးများစွာကို ဘုန်းစည်းစိမ်ခံစားရာသို့ ခေါ်ဆောင်လိုသောကြောင့် ထိုသူတို့ကို ကယ်တင်ရန် ယေရှုအား ဆင်းရဲဒုက္ခခံစားစေခြင်းအားဖြင့် ပြီးပြည့်စုံသောကယ်တင်ရှင်ဖြစ်စေသည်မှာ သင့်လျော်ပေ၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။
ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။
ဘုရားသခင်သည် ကိုယ်တော်အား မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်အပ်တော်မူ၏။
ကျမ်းစာ၏ အခြားတစ်နေရာတွင်လည်း ဘုရားသခင်က “သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်၏” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့ ပြောဆိုနေသော အဓိကအချက်မှာ ထိုသို့သောယဇ်ပုရောဟိတ်မင်းတစ်ဦးသည် ကျွန်ုပ်တို့၌ရှိ၏။ ထိုယဇ်ပုရောဟိတ်သည် ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ ရာဇပလ္လင်လက်ယာတော်ဘက်၌ ထိုင်တော်မူပြီး
ထိုအသန့်ရှင်းဆုံးဌာနတော်သို့ ဝင်ရာတွင် ကိုယ်တော်သည် ဆိတ်နှင့် နွားသငယ်တို့၏ အသွေးဖြင့် မဟုတ်ဘဲ မိမိကိုယ်တိုင်၏ အသွေးတော်ဖြင့် တစ်ကြိမ်တည်းနှင့် အပြီးပူဇော်၍ ကျွန်ုပ်တို့အား ထာဝရရွေးနုတ်ခြင်းအကျိုးကို ခံစားစေခဲ့၏။
ခရစ်တော်သည် စစ်မှန်သောအရာ၏ ပုံတူသာဖြစ်သည့် လူတို့လက်ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင်ရှေ့တော်၌ ထင်ရှားရန် ကောင်းကင်ဘုံသို့ ဝင်တော်မူ၏။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။
သားသမီးတို့… သင်တို့သည် ကိုယ်တော်၏ နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းခံထားရသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။