ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ဟေဗြဲ 5:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နို့ကိုသာ သောက်နေသူများသည် နို့စို့သူငယ်များသာဖြစ်သောကြောင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိကြပေ။ Common Language Bible နို့ကိုသောက်သုံး၍အသက်ရှင်သူသည်နို့စို့ သူငယ်ဖြစ်၍ အမှန်နှင့်အမှားကိုကိုယ်တွေ့ သိရှိနားလည်သူမဟုတ်။- Garrad Bible နို့ ရည် ကို သောက် ရ သူ သည် နို့ စို့ သူ ငယ် သ ဖွယ် ဖြစ်၍ ဖြောင့် မတ် ရာ တ ရား တော် ကို ကျွမ်း ကျင် ခြင်း မ ရှိ။ Judson Bible နို့ကိုသာ သုံးဆောင်သောသူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရား၌ လေ့လာခြင်းမရှိ။- မြန်မာ့စံမီသမ္မာကျမ်း နို့ရည်ကိုသောက်သုံးနေသောသူတိုင်းသည် ကလေးသူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောနှုတ်ကပတ်တော်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိ။ |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
ပညာမဲ့သူတို့ကို ပဲ့ပြင်၍ ကလေးငယ်တို့ကို သွန်သင်နိုင်သည်ဟု သင်ထင်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ပညတ်တရားက သင့်အား စုံလင်သော အသိပညာနှင့် သမ္မာတရားကို ရရှိစေသည်ဟု သင်ထင်မှတ်သောကြောင့်ဖြစ်၏။
ကျွန်ုပ်သည် ကလေးဘဝအချိန်၌ ကလေးကဲ့သို့ ပြောဆို၏။ ကလေးကဲ့သို့ စဉ်းစား၏။ ကလေးကဲ့သို့ တွေးထင်တတ်၏။ သို့သော် လူကြီးဖြစ်လာသောအခါ ကလေးဆန်သောအရာများကို စွန့်လွှတ်၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကလေးဆန်စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်လျှင် ကလေးငယ်ကဲ့သို့ ဖြစ်၍ စဉ်းစားတွေးခေါ်မှုနှင့်ပတ်သက်လျှင် ရင့်ကျက်သောသူများကဲ့သို့ ဖြစ်ကြလော့။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် ဝိညာဉ်တော်ကို ရရှိထားသောသူများအား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြော၍မရခဲ့ပေ။ လူ့ဗီဇစိတ်ရှိသောသူတို့အား ဟောပြောသကဲ့သို့လည်းကောင်း၊ ခရစ်တော်ကို ယုံကြည်သည့်သက်တမ်းတွင် မွေးကင်းစအရွယ်ကဲ့သို့သောသူတို့အား ဟောပြောသကဲ့သို့လည်းကောင်း ဟောပြောခဲ့ရ၏။
ပြစ်ဒဏ်ချမှတ်စေခြင်းနှင့်ဆိုင်သော တရားသည် ဘုန်းအသရေနှင့် ပြည့်စုံလျှင် ဖြောင့်မတ်စေခြင်းနှင့်ဆိုင်သောတရားသည် ပို၍ ဘုန်းအသရေနှင့် ပြည့်စုံပေလိမ့်မည်။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
ထိုကျမ်းစာအားလုံးသည် ဘုရားသခင်မှုတ်သွင်းတော်မူပြီး သွန်သင်ခြင်း၊ ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ဖြောင့်မတ်လာစေရန် ဆုံးမပဲ့ပြင်ခြင်းတို့အတွက် အသုံးဝင်၏။
သခင်ဘုရား၏ကျေးဇူးတော် မည်မျှချိုမြိန်သည်ကို ယခု သင်တို့မြည်းစမ်းခဲ့ပြီဖြစ်၏။ ထို့ကြောင့် မွေးကင်းစကလေးများကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်ကို တောင့်တကြလော့။ သို့မှသာ သင်တို့သည် ကယ်တင်ခြင်းကို အပြည့်အဝခံစားရမည့်အချိန်တိုင်အောင် ကြီးထွားလိမ့်မည်။
ထိုသူတို့အား နှုတ်ခွန်းဆက်သောသူသည် ထိုသူ၏ ဆိုးညစ်သောအမှုတွင် ပါဝင်ရာရောက်၏။