ယေရှုက “ထိုသို့ဖြစ်လျှင် ဒါဝိဒ်မင်းသည် ဝိညာဉ်တော်၏လှုံ့ဆော်မှုဖြင့် ခရစ်တော်ကို အဘယ်ကြောင့် သခင်ဟု ခေါ်သနည်း။ ဒါဝိဒ်မင်းက
ဟေဗြဲ 4:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်သည် စံမြန်းနားခိုရာသို့ ဝင်ခွင့်ပေးရန်အတွက် နေ့တစ်နေ့အား “ယနေ့” ဟု ပြန်လည်သတ်မှတ်တော်မူခဲ့၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျမ်းစာ၌ ဖော်ပြခဲ့သည့် အတိုင်း ဘုရားသခင်သည် ဒါဝိဒ်မင်းမှတစ်ဆင့် မိန့်တော်မူသည်မှာ “ယနေ့ ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့သည် ခေါင်းမမာကြနှင့်” ဟူ၍ဖြစ်၏။ Common Language Bible ယင်းသို့ရရှိကြကြောင်းကို``ယနေ့'' ဟု နာမည်တွင်သောနေ့ရက်တစ်ရက်ကို ဘုရား သခင်သတ်မှတ်ပေးတော်မူသည့်အချက်က သက်သေပြ၏။ ကိုယ်တော်သည်ကျမ်းစာတော် တွင်ဖော်ပြပြီးသည့်အတိုင်း နှစ်ပေါင်းများ စွာကြာသောအခါဒါဝိဒ်မင်းအားဖြင့် ထိုနေ့ရက်ကိုအကြောင်းပြု၍ ``သင်တို့သည်ဘုရားသခင်၏အသံတော်ကို ယနေ့ကြားရလျှင်ခေါင်းမမာကြနှင့်'' ဟုမိန့်တော်မူသည်။ Garrad Bible သင် တို့ စိတ် မ ခဲ ယဉ်း စေ ကြ နှင့် ဟု ဆို ခဲ့ သော ကျမ်း ချက် နှင့် အ ညီ ကာ လ အ တန် ကြာ ပြီး နောက် ဒါ ဝိဒ် မင်း အား ဖြင့် ယ နေ့ ဟူ သော ကာ လ ကို တစ် ဖန် ပိုင်း ခြား တော် မူ ပြန်၏။ Judson Bible တစ်ဖန်တုံ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ဆိုသည်ဖြစ်၍၊ ဤမျှလောက် ကာလကြာပြီးမှ၊ ယနေ့ဟု ဒါဝိဒ်ကျမ်းစာ၌ လာသောအခါ၊ တစ်စုံတစ်ခုသော နေ့ရက်ကို သေချာစွာမှတ်သားသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်သည် နေ့တစ်နေ့ကို “ယနေ့”ဟူ၍ တစ်ဖန် ချမှတ်တော်မူပြီး နောင်နှစ်ပေါင်းများစွာကြာသောအခါ အထက်ကဖော်ပြခဲ့သည့်အတိုင်း “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်”ဟု ဒါဝိဒ်အားဖြင့် မိန့်တော်မူ၏။ |
ယေရှုက “ထိုသို့ဖြစ်လျှင် ဒါဝိဒ်မင်းသည် ဝိညာဉ်တော်၏လှုံ့ဆော်မှုဖြင့် ခရစ်တော်ကို အဘယ်ကြောင့် သခင်ဟု ခေါ်သနည်း။ ဒါဝိဒ်မင်းက
ဒါဝိဒ်မင်းကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုအားဖြင့် ပြောသောစကားမှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်ကို “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါ့သည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
ဒါဝိဒ်မင်းကိုယ်တိုင် ဆာလံကျမ်းတွင် ရေးသားခဲ့သည်မှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏သခင်အား “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါသည် သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံဖြစ်စေလိမ့်မည်” ဟု မိန့်တော်မူ၏’ ဟူ၍ ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့အား ကျွန်ုပ်တို့ဘိုးဘေးဒါဝိဒ်မင်း၏အကြောင်းကို သေချာစွာပြောပါရစေ။ သူသည် သေလွန်၍ သင်္ဂြိုဟ်ခံရသဖြင့် သူ၏သင်္ချိုင်းဂူသည် ယနေ့တွင် ငါတို့နှင့်အတူ ရှိသေး၏။
ဒါဝိဒ်မင်းသည် ဤအရာကို ကြိုတင်သိမြင်သဖြင့် ခရစ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်းနှင့် ပတ်သက်၍ ‘သူ့ကို မရဏနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်၊ ကိုယ်ခန္ဓာကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့စေတော်မူမည်မဟုတ်’ ဟု ဆိုလေ၏။
ထို့ကြောင့် သူတို့သည် အချင်းချင်းသဘောထားကွဲလွဲကြ၏။ ထို့နောက် ထိုသူတို့ထွက်သွားကြမည်ပြုစဉ် ပေါလုက “ပရောဖက်ဟေရှာယအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်က သင်တို့ဘိုးဘေးတို့အား မှန်ကန်စွာမိန့်တော်မူသည်မှာ
ကျမ်းစာ၌ “ယနေ့ ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့၏ ဘိုးဘေးများ ပုန်ကန်စဉ်က ခေါင်းမာသကဲ့သို့ သင်တို့သည် ခေါင်းမမာကြနှင့်” ဟု ဖော်ပြထား၏။