Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 4:7 - Common Language Bible

7 ယင်း​သို့​ရ​ရှိ​ကြ​ကြောင်း​ကို``ယ​နေ့'' ဟု နာ​မည်​တွင်​သော​နေ့​ရက်​တစ်​ရက်​ကို ဘု​ရား သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့်​အ​ချက်​က သက်​သေ​ပြ​၏။ ကိုယ်​တော်​သည်​ကျမ်း​စာ​တော် တွင်​ဖော်​ပြ​ပြီး​သည့်​အ​တိုင်း နှစ်​ပေါင်း​များ စွာ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​မင်း​အား​ဖြင့် ထို​နေ့​ရက်​ကို​အ​ကြောင်း​ပြု​၍ ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို ယ​နေ့​ကြား​ရ​လျှင်​ခေါင်း​မ​မာ​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 သင် တို့ စိတ် မ ခဲ ယဉ်း စေ ကြ နှင့် ဟု ဆို ခဲ့ သော ကျမ်း ချက် နှင့် အ ညီ ကာ လ အ တန် ကြာ ပြီး နောက် ဒါ ဝိဒ် မင်း အား ဖြင့် ယ နေ့ ဟူ သော ကာ လ ကို တစ် ဖန် ပိုင်း ခြား တော် မူ ပြန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 တစ်​ဖန်​တုံ၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက်​ရှိ​သည်​ဖြစ်၍ ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်​ဟု ဆို​သည်​ဖြစ်၍၊ ဤ​မျှ​လောက် ကာ​လ​ကြာ​ပြီး​မှ၊ ယ​နေ့​ဟု ဒါ​ဝိဒ်​ကျမ်း​စာ၌ လာ​သော​အ​ခါ၊ တစ်​စုံ​တစ်​ခု​သော နေ့​ရက်​ကို သေ​ချာ​စွာ​မှတ်​သား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထို့ကြောင့် ဘုရားသခင်​သည် နေ့​တစ်​နေ့​ကို “ယနေ့”​ဟူ၍ တစ်ဖန် ချမှတ်​တော်မူ​ပြီး နောင်​နှစ်​ပေါင်း​များစွာ​ကြာ​သောအခါ အထက်​က​ဖော်ပြ​ခဲ့​သည့်​အတိုင်း “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင် သင်​တို့​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်”​ဟု ဒါဝိဒ်​အားဖြင့် မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ထို့ကြောင့် ဘုရားသခင်​သည် စံမြန်းနားခိုရာ​သို့ ဝင်ခွင့်ပေး​ရန်အတွက် နေ့တစ်နေ့​အား “ယနေ့” ဟု ပြန်လည်​သတ်မှတ်တော်မူခဲ့၏။ နှစ်ပေါင်းများ​စွာ ကြာ​ပြီးနောက် ကျမ်းစာ​၌ ဖော်ပြခဲ့​သည့် အတိုင်း ဘုရားသခင်​သည် ဒါဝိဒ်မင်း​မှတစ်ဆင့် မိန့်တော်မူသည်​မှာ “ယနေ့ ကိုယ်တော်​၏​အသံ​ကို​ကြားလျှင် သင်တို့​သည် ခေါင်းမမာကြနှင့်” ဟူ၍​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 4:7
12 ပူးပေါင်းရင်းမြစ်များ  

အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​သွား​ပြီး​နောက် အ​နှစ်​လေး​ရာ့​ရှစ်​ဆယ် ကြာ​သော​အ​ခါ​ဣ​သ​ရေ​လ​ဘု​ရင်​ရှော​လ​မုန် မင်း​သည် မိ​မိ​နန်း​စံ​လေး​နှစ်​မြောက်၊ ဇိ​ဖ​ဟု အ​မည်​တွင်​သော​ဒု​တိ​ယ​လ​၌​ဗိ​မာန်​တော် ကို​စ​တင်​တည်​ဆောက်​တော်​မူ​၏။-


ကိုယ်​တော်​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော် စောင့်​ရှောက်​တော်​မူ​သော​သူ​များ၊ကိုယ်​တော် ကျွေး​မွေး​တော်​မူ​သော​သိုး​စု​ဖြစ်​ကြ​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​နေ့​နား​ထောင်​ကြ​လော့။


ကိုယ်​တော်​က ``သို့​ဖြစ်​ပါ​မူ​ဒါဝိဒ်​မင်း​သည်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက်​ဖြင့်​မေ​ရှိ​ယ​ကို အ​ရှင်​ဟု​အ​ဘယ်​ကြောင့်​ခေါ်​ပါ​သ​နည်း။ ဒါ​ဝိဒ်​မင်း​ကြီး​က၊


`သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​ရောက်​စေ​မည်။ သို့​မ​ရောက်​စေ​သေး​မီ​ကာ​လ​အ​တွင်း ငါ​၏​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အ​ရှင်​အား​မိန့်​တော်​မူ​၏' ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက် ဖြင့်​ဒါ​ဝိဒ်​မင်း​မြွက်​ဆို​ခဲ့​၏။


ဒါ​ဝိဒ်​မင်း​ကိုယ်​တိုင်​ပင်​လျှင်​ဆာ​လံ​ကျမ်း​၌ `ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​၏​ရန်​သူ​များ ကို သင့်​ခြေ​တင်​ခုံ​ဖြစ်​စေ​မည်။ သို့​မ​ဖြစ်​စေ​သေး​မီ​ကာ​လ​ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု​ငါ​၏​အ​ရှင်​အား​မိန့်​တော်​မူ​၏' ဟု​ဆို​ချေ​သည်။-


``ညီ​အစ်​ကို​တို့၊ ငါ​တို့​၏​နာ​မည်​ကျော်​အ​ဖ ဖြစ်​သော​ဒါ​ဝိဒ်​မင်း​၏​အ​ကြောင်း​ကို ငါ​သည် သင်​တို့​အား​ရှင်း​လင်း​စွာ​ဖော်​ပြ​ပါ​ရ​စေ။ သူ သည်​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​၏။ သူ​၏ သင်္ချိုင်း​သည်​ယ​နေ့​တိုင်​အောင်​ငါ​တို့​မျက်​မှောက် တွင်​ရှိ​သေး​၏။-


နောင်​အ​ခါ​တွင်​ဘု​ရား​သ​ခင်​မည်​သို့​ပြု​တော် မူ​မည်​ကို​သိ​သ​ဖြင့်၊ `ကိုယ်​တော်​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မ​မူ။ သူ​၏​ခန္ဓာ​ကို​သင်္ချိုင်း​တွင်​ပုပ်​ပျက် စေ​တော်​မူ​မည်​မ​ဟုတ်' ဟု​သေ​ခြင်း​မှ​မေ​ရှိ​ယ​ထ​မြောက်​တော်​မူ မည့်​အ​ကြောင်း​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​၏။-


ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။ ပေါ​လု​က ``ပ​ရော​ဖက်​ဟေ​ရှာ​ယ အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖော်​ပြ​ပုံ​မှာ​လျောက်​ပတ်​လှ​ပေ​၏။ ဖော်​ပြ​ပုံ​မှာ​ဤ​သို့​တည်း။


ကျမ်း​စာ​တော်​က၊ ``သင်​တို့​သည်​ယ​နေ့​ဘု​ရား​သ​ခင်​အ​သံ​တော်​ကို ကြား​ရ​လျှင် ဘု​ရား​သ​ခင်​အား၊သင်​တို့​၏​ဘိုး​ဘေး​များ ပုန်​ကန်​စဉ်​အ​ခါ​က​ခေါင်း​မာ​ကြ​သ​ကဲ့​သို့ ခေါင်း​မ​မာ​ကြ​နှင့်'' ဟု​ဖော်​ပြ​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ