ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှ သိမ်းယူ၍ နိုင်ငံတော်၏အသီးကို သီးသည့်လူများထံသို့ ပေးအပ်တော်မူလိမ့်မည်။
ဟေဗြဲ 4:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သတင်းကောင်းကို ရှေးဦးစွာ ကြားသော်လည်း မယုံကြည်သောကြောင့် ဘုရားသခင်၏စံမြန်းနားခိုရာသို့ ဝင်ခွင့်မရကြ။ သို့သော် အခြားသူတို့မှာမူ ဝင်ခွင့်ရှိသေး၏။ Common Language Bible သတင်းကောင်းကိုဦးစွာပထမကြားရ သူတို့သည် ထိုသတင်းကောင်းကိုမယုံကြည် သဖြင့် ငြိမ်ဝပ်ရာချမ်းသာခံစားခွင့်မရ ကြ။ သို့ဖြစ်၍ထိုငြိမ်ဝပ်ရာချမ်းသာကို အခြားသူတို့ရရှိကြပေသည်။- Garrad Bible သို့ ဖြစ်၍ အ ချို့ တို့ သည် ဝင် စား ရန် ရှိ သော ကြောင့် လည်း ကောင်း၊ သ တင်း ကို အ ထက် ကြား ရ သူ တို့ သည် မ လိုက် နာ၍ မ ဝင် စား ရ သော ကြောင့် လည်း ကောင်း၊ ယ နေ့ ဗျာ ဒိတ် တော် သံ ကို ကြား ရ စဉ်၊ Judson Bible ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်းမြောက်စရာ သတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့သည် မယုံကြည်သောကြောင့် မဝင်ရကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ဝင်ရသောအခွင့်သည် အချို့သောသူတို့အတွက်ရှိသေး၏။ ကောင်းမြတ်သောသတင်းကို ရှေးဦးစွာကြားရသောသူတို့သည် မနာခံမှုကြောင့် မဝင်ခဲ့ရကြချေ။ |
ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှ သိမ်းယူ၍ နိုင်ငံတော်၏အသီးကို သီးသည့်လူများထံသို့ ပေးအပ်တော်မူလိမ့်မည်။
ထို့ကြောင့် ဘုရားသခင်ပေးတော်မူသော ဤကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ထံသို့ ပို့တော်မူပြီဖြစ်၍ သူတို့သည် ထိုတရားကို လက်ခံယုံကြည်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့” ဟု ဆို၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ကျန်ရှိသောအချိန်သည် အလွန်တိုတောင်း၏။ ထို့ကြောင့် ယခုမှစ၍ ဇနီးရှိသောသူတို့သည် ဇနီးမရှိသောသူကဲ့သို့လည်းကောင်း၊
ကျမ်းစာ၌ ဘုရားသခင်သည် လူမျိုးခြားတို့အား သူတို့၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူမည်ဖြစ်ကြောင်း ကြိုတင်သိမြင်တော်မူသည်ကို ဖော်ပြထား၏။ ထို့ကြောင့် အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်ထံမှတစ်ဆင့် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်” ဟူသော သတင်းကောင်းကို ကျမ်းစာ၌ ကြိုတင်ဟောပြောတော်မူ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုစံမြန်းနားခိုရာနေရာသို့ ဝင်ရန် ကြိုးစားကြစို့။ ထိုသို့မဟုတ်လျှင် တစ်ချိန်က အစ္စရေးလူမျိုးတို့သည် မနာခံသောကြောင့် ထိုစံမြန်းနားခိုရာနေရာသို့ မဝင်နိုင်ကြသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဝင်နိုင်ကြမည် မဟုတ်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ထိုသူတို့နည်းတူ သတင်းကောင်းကို ကြားရသောကြောင့်ဖြစ်၏။ သူတို့မှာမူ ကြားရသော်လည်း မယုံကြည်သောကြောင့် သူတို့အတွက် အကျိုးမရှိ။
သို့ဖြစ်၍ သတ္တမနေ့၌ ဘုရားသခင်အနားယူတော်မူသကဲ့သို့ ဘုရားသခင်၏ လူမျိုးတော်အတွက် စံမြန်းနားခိုရာ ရှိသေး၏။