ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ဟေဗြဲ 3:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူသည်မှာ “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကို ကြားလျှင် Common Language Bible သို့ဖြစ်၍သန့်ရှင်းသောဝိညာဉ်တော်က အောက်ပါအတိုင်းမိန့်တော်မူသည်။ ``ဘုရားသခင်၏အသံတော်ကိုယနေ့ကြား လျှင် Garrad Bible ထို ကြောင့် သန့် ရှင်း သော ဝိ ညာဉ် တော် ဆင့် ဆို တော် မူ သည့် အ တိုင်း ယ နေ့ ဗျာ ဒိတ် တော် သံ ကို ကြား ရ စဉ်၊ Judson Bible ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ရှိသည်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် |
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ယေရှုက “ထိုသို့ဖြစ်လျှင် ဒါဝိဒ်မင်းသည် ဝိညာဉ်တော်၏လှုံ့ဆော်မှုဖြင့် ခရစ်တော်ကို အဘယ်ကြောင့် သခင်ဟု ခေါ်သနည်း။ ဒါဝိဒ်မင်းက
ဒါဝိဒ်မင်းကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုအားဖြင့် ပြောသောစကားမှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်ကို “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါ့သည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
ဤသိုးခြံမှ မဟုတ်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်လာရမည်။ ထိုသိုးတို့သည် ငါ့စကားသံကို နားထောင်ကြလိမ့်မည်။ သို့ဖြစ်၍ သိုးတစ်အုပ်တည်းနှင့် သိုးထိန်းတစ်ပါးတည်း ဖြစ်လာလိမ့်မည်။
ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုလည်း ငါသိ၏။
တံခါးစောင့်သည် ထိုသူကို တံခါးဖွင့်ပေးတတ်၏။ သိုးတို့သည်လည်း သူ၏ အသံကို မှတ်မိ၍ သူ့ထံသို့ လာကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ထုတ်ဆောင်သွားတတ်၏။
သင်တို့အား ငါအမှန်ဆို၏။ သေသောသူတို့သည် ဘုရားသခင်၏ သားတော်အသံကို ကြားသည့်အချိန် ကျရောက်လာလိမ့်မည်။ စင်စစ် ထိုအချိန်သည် ယခုပင် ရောက်လျက်ရှိ၏။ သားတော်၏ အသံကို ကြားသောသူတို့သည် အသက်ရှင်လိမ့်မည်။
“ညီအစ်ကိုမောင်နှမတို့… ယေရှုကို ဖမ်းဆီးသောသူတို့အား ဦးဆောင်လာသည့် ယုဒအကြောင်းနှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်မင်းကြီး၏နှုတ်အားဖြင့် ကြိုတင်ဟောပြောသော ကျမ်းချက်သည် ဖြစ်လာရမည်။
ထို့ကြောင့် သူတို့သည် အချင်းချင်းသဘောထားကွဲလွဲကြ၏။ ထို့နောက် ထိုသူတို့ထွက်သွားကြမည်ပြုစဉ် ပေါလုက “ပရောဖက်ဟေရှာယအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်က သင်တို့ဘိုးဘေးတို့အား မှန်ကန်စွာမိန့်တော်မူသည်မှာ
ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်က ဖိလိပ္ပုအား “ထိုမြင်းရထားအနား ချဉ်းကပ်၍လိုက်လော့” ဟု မိန့်တော်မူ၏။
သင်တို့သည် အပြစ်၏လှည့်စားမှုကြောင့် ခေါင်းမာသူများမဖြစ်ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်းအားပေးတိုက်တွန်းကြလော့။
ကျမ်းစာ၌ “ယနေ့ ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့၏ ဘိုးဘေးများ ပုန်ကန်စဉ်က ခေါင်းမာသကဲ့သို့ သင်တို့သည် ခေါင်းမမာကြနှင့်” ဟု ဖော်ပြထား၏။
ထို့ကြောင့် ဘုရားသခင်သည် စံမြန်းနားခိုရာသို့ ဝင်ခွင့်ပေးရန်အတွက် နေ့တစ်နေ့အား “ယနေ့” ဟု ပြန်လည်သတ်မှတ်တော်မူခဲ့၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျမ်းစာ၌ ဖော်ပြခဲ့သည့် အတိုင်း ဘုရားသခင်သည် ဒါဝိဒ်မင်းမှတစ်ဆင့် မိန့်တော်မူသည်မှာ “ယနေ့ ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့သည် ခေါင်းမမာကြနှင့်” ဟူ၍ဖြစ်၏။
ဤစည်းမျဉ်းအရ တဲတော်၏ ပထမအခန်း တည်ရှိနေသရွေ့ အသန့်ရှင်းဆုံးဌာနတော်ဖြစ်သည့် ဒုတိယအခန်းသို့ ဝင်သည့်လမ်း မပွင့်သေးကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်က ဖော်ပြတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ့အလိုအရ ဖြစ်ပေါ်လာသည်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှ လာသောစကားကို ဟောပြောသောကြောင့်ဖြစ်၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ တစ်စုံတစ်ဦးသည် ငါ့အသံကို ကြား၍တံခါးဖွင့်လျှင် ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။