နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောကြ၍ လူမျိုးအပေါင်းတို့သည်လည်း ထိုသတင်းကောင်းကို ကြားကြလိမ့်မည်။ ထို့နောက်မှ ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
ဟေဗြဲ 2:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ကျွန်ုပ်တို့ပြောဆိုနေသော အနာဂတ်ကမ္ဘာကို ကောင်းကင်တမန်များအား အုပ်စိုးခွင့် ပေးတော်မူသည်မဟုတ်။ Common Language Bible ငါတို့ပြောဆိုသောနောင်အခါတည်ရှိမည့် ကမ္ဘာသစ်ကိုအုပ်စိုးရန်ကောင်းကင်တမန် များအားပေးအပ်တော်မမူ။- Garrad Bible ကိုယ် တော် သည် ငါ တို့ ယ ခု မြွက် ဆို ကြ သည့် နောင် လော က ကို စေ တ မန် တော် များ အောက် ချ ထား တော် မူ သည် မ ဟုတ်။ Judson Bible ငါတို့ပြောဆိုသော နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန်တို့၌ အပ်ပေးတော်မူသည်မဟုတ်၊- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်သည် ငါတို့ပြောဆိုနေသော နောင်လာမည့်ကမ္ဘာကို ကောင်းကင်တမန်တို့၏လက်အောက်သို့ ချထားတော်မမူခဲ့ပေ။ |
နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောကြ၍ လူမျိုးအပေါင်းတို့သည်လည်း ထိုသတင်းကောင်းကို ကြားကြလိမ့်မည်။ ထို့နောက်မှ ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤလောက၌ ကျွန်ုပ်တို့အတွက် တည်မြဲသောမြို့ မရှိသောကြောင့် ဖြစ်၏။ အနာဂတ်၌ ပေါ်ထွန်းမည့်မြို့ကိုသာ ကျွန်ုပ်တို့တောင့်တကြ၏။
ထို့ပြင် ထိုသူတို့သည် ဘုရားသခင်၏ ကောင်းမြတ်သော နှုတ်ကပတ်တော်နှင့် အနာဂတ်ကာလ၏တန်ခိုးတို့ကို မြည်းစမ်းခဲ့ကြ၏။
သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ကတိတော်အတိုင်း ဖြောင့်မတ်ခြင်းတရားတည်ရှိရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို စောင့်မျှော်နေကြ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။