သို့သော် သင်တို့ထံ မလာမီ ဂျေရုဆလင်မြို့ရှိ ယုံကြည်သူများအား အလှူငွေ ပေးရန် သွားရမည်။
ဟေဗြဲ 13:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏ညီအစ်ကို တိမောသေသည် ထောင်မှ လွတ်မြောက်ပြီဖြစ်ကြောင်း သင်တို့အား သိစေလို၏။ မကြာမီ သူရောက်လာပါက သင်တို့နှင့် တွေ့ဆုံရန် ကျွန်ုပ်လာသောအခါ သူ့ကိုပါ ခေါ်ခဲ့မည်။ Common Language Bible ငါတို့၏ညီတိမောသေသည် အကျဉ်းထောင်မှ လွတ်၍လာပြီဖြစ်ကြောင်းသင်တို့အားသိစေ လို၏။ အကယ်၍သူသည်ငါ့ထံသို့အချိန်မီ ရောက်ရှိလာပါက သင်တို့နှင့်တွေ့ဆုံရန်ငါ လာသောအခါသူ့ကိုခေါ်ခဲ့ပါမည်။ Garrad Bible ငါ တို့ ညီ တိ မော သေ လွတ် ကြောင်း သိ ကြ လော့။ မ ကြာ မီ ရောက် လာ လျှင် အ တူ တ ကွ သင် တို့ ထံ အ ကြည့် အ ရှု ငါ လာ မည်။ Judson Bible ငါတို့ညီတိမောသေကို အခြားသို့ လွှတ်လိုက်သည်အရာကို သိမှတ်ကြလော့။ သူသည် မကြာမမြင့်မီ ရောက်လျှင်၊ ငါသည် သူနှင့်အတူလာ၍ သင်တို့ကို တွေ့မြင်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့ညီတိမောသေသည် လွတ်လာပြီဖြစ်ကြောင်း သင်တို့အားသိစေလိုပါ၏။ သူသည် အမြန်ရောက်လာလျှင် ငါသည် သူနှင့်အတူ သင်တို့ကိုလာတွေ့မည်။ |
သို့သော် သင်တို့ထံ မလာမီ ဂျေရုဆလင်မြို့ရှိ ယုံကြည်သူများအား အလှူငွေ ပေးရန် သွားရမည်။
ဤအမှုကိစ္စကို ဆောင်ရွက်ပြီးစီး၍ ဤအလှူကို ထိုသူတို့လက်ထဲ ပေးအပ်ပြီးနောက် သင်တို့ထံ ဝင်ရောက်လည်ပတ်ကာ စပိန်ပြည်သို့ ကျွန်ုပ်သွားမည်။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။
ယုံကြည်ခြင်းဆိုင်ရာ တိုက်ပွဲကောင်းကို တိုက်၍ ထာဝရအသက်ကို အရယူလော့။ ထာဝရအသက် ရရန် ဘုရားသခင်သည် သင့်ကို ခေါ်တော်မူပြီး သင်သည်လည်း ခရစ်တော်ကို ယုံကြည်ကြောင်း သက်သေများစွာရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။
ထို့ကြောင့် ကျွန်ုပ်တို့၏ သခင်ဘုရားအကြောင်း သက်သေခံရန် မရှက်နှင့်။ သခင်ဘုရားအတွက်ကြောင့် အကျဉ်းချခံနေရသော ကျွန်ုပ်အတွက်လည်း မရှက်နှင့်။ ဘုရားသခင်၏ တန်ခိုးတော်ဖြင့် သတင်းကောင်းအတွက် ကျွန်ုပ်နှင့်အတူ ဒုက္ခခံလော့။
ယေရှုခရစ်တော်၏ သတင်းကောင်းကို ဟောပြောသဖြင့် အကျဉ်းချခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီအစ်ကို တိမောသေတို့က ကျွန်ုပ်တို့၏ ချစ်ခင်ရသောမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဖိလေမုန်နှင့်
ထို့ပြင် ကျွန်ုပ်အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားလော့။ အဘယ်ကြောင့်ဆိုသော် သင်၏ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကို သင်တို့ထံ ပြန်လည်ရောက်ရှိစေတော်မူမည်ဟု ကျွန်ုပ်မျှော်လင့်သောကြောင့်ဖြစ်၏။
ကျွန်ုပ်က “အရှင်… အဖြေကို အရှင်သိပါ၏” ဟုပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးမားသောဒုက္ခဆင်းရဲကို ဖြတ်ကျော်လာသောသူများဖြစ်ကြ၏။ ထိုသူတို့သည် သိုးသငယ်တော်၏သွေး၌ မိမိတို့ဝတ်ရုံများကို ဖြူစင်အောင်လျှော်ကြပြီ။