Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 15:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 သို့သော် သင်တို့​ထံ မလာမီ ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူများ​အား အလှူငွေ ပေး​ရန် သွားရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25-26 ယ​ခု​မှာ​မူ​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​ဂ​ရိ​ပြည်​ရှိ အ​သင်း​တော်​တို့​က ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ထဲ​တွင် ဆင်း​ရဲ​သော​တ​ပည့် တော်​တို့​အား​စေ​တ​နာ​အ​လျောက်​ပေး​လှူ​ထောက် ပံ့​ရန်​ဆုံး​ဖြတ်​သ​ဖြင့် ထို​မြို့​ရှိ​တ​ပည့်​တော်​တို့ အား​ထောက်​ပံ့​ရန်​ငါ​သွား​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25-26 ယ ခု မှာ မူ ယေ ရု ရှ လင် မြို့ ရှိ ဆင်း ရဲ သော တ ပည့် တော် တို့ အ တွက် မာ ကေ ဒေါ နိ ပြည်၊ အ ခါ ယ ပြည် နေ အ သင်း တော် သား တို့ သည် စေ တ နာ အ လျောက် ဒါ န စု ဆောင်း ကြ သ ဖြင့် ထို မြို့ ရှိ တ ပည့် တော် တို့ ကို ထောက် ပံ့ ရန် ငါ သွား ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ယ​ခု​အ​ခါ သန့်​ရှင်း​သူ​တို့​ကို​လုပ်​ကျွေး၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​သွား​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သို့သော် ယခု ငါ​သည် သန့်ရှင်း​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် ဂျေရုဆလင်​မြို့​သို့ သွား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 15:25
14 ပူးပေါင်းရင်းမြစ်များ  

“ဘုရားသခင်​၏​အလိုတော်​ရှိ​လျှင် သင်တို့​ဆီသို့ ပြန်လာမည်” ဟု ဆို၏။ ထို့နောက် သူတို့​အား နှုတ်ဆက်​ပြီးလျှင် ပြစ်ကိလ​နှင့် အာကုလ​တို့​ကို ဧဖက်မြို့​၌ ထားခဲ့​၍ ရွက်လွှင့်လေ၏။


ဤအရာများ ဖြစ်ပျက်​ပြီးနောက် ပေါလု​သည် ဝိညာဉ်တော်​အားဖြင့် မာကေဒေါနိပြည်​နှင့် အခါယပြည်​တစ်လျှောက်​သွား​ပြီးလျှင် ဂျေရုဆလင်မြို့​သို့ သွား​ရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလု​က “ထို​မြို့​သို့​သွားပြီး​လျှင် ငါ​သည် ရောမမြို့​သို့​လည်း သွားရမည်” ဟု ပြောလေ၏။


ပေါလု​သည် အာရှပြည်​တွင် အချိန်​မကုန်ဆုံးစေလို​သဖြင့် ဧဖက်မြို့​ကို​ဖြတ်​၍ ရွက်လွှင့်​ရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်၏။ ဖြစ်နိုင်မည်​ဆိုပါက ပင်တေကုတ္တေပွဲ​နေ့​အမှီ ဂျေရုဆလင်မြို့​သို့​ရောက်ရှိ​ရန် သူ​သည် စိတ်ပြင်းပြ​လျက်​နေ၏။


ယခု ကျွန်ုပ်​သည် သန့်ရှင်းသော​ဝိညာဉ်တော်​နိုးဆော်တော်မူသည့်​အတိုင်း ဂျေရုဆလင်မြို့​သို့ သွားမည်။ ထို​မြို့​၌ မည်သို့​ဖြစ်ပျက်မည်​ကို ကျွန်ုပ်​မသိ။


ယခု​နှစ်ပေါင်းများစွာ​ကြာ​ပြီးနောက် အကျွန်ုပ်​သည် မိမိ​လူမျိုး​ထဲမှ ဆင်းရဲနွမ်းပါးသော​သူတို့​အား ပေးကမ်းစွန့်ကြဲ​ရန်​နှင့် ဘုရားသခင်​အား ပူဇော်စရာများ​လှူဒါန်း​ရန် ဂျေရုဆလင်မြို့​သို့ ပြန်လာပါ၏။


သို့သော်လည်း အာနနိ​က “သခင်ဘုရား… ထို​သူ​သည် ဂျေရုဆလင်မြို့​တွင် ယုံကြည်သော​သူတို့​အား မည်မျှ​ဆိုးရွား​စွာ​ပြုခဲ့ကြောင်း​ကို လူ​အများ​ထံမှ အကျွန်ုပ်​ကြားသိရပါပြီ။


ယုံကြည်သူများ အကူအညီ လိုအပ်​သောအခါ ကူညီ​ရန် အသင့်ရှိကြလော့။ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုကြလော့။


အကယ်၍ ကျွန်ုပ်​ကိုယ်တိုင် သွား​ရန် လိုအပ်​ပါက ကျွန်ုပ်​သည် ထို​သူတို့​နှင့်အတူ သွားမည်။


သူတို့​သည် ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူတို့​အား ပေးကမ်းသည့်​အမှု​တွင် ပါဝင်ခွင့်​ရ​ရန် ကျွန်ုပ်တို့​အား အနူးအညွတ်​မေတ္တာရပ်ခံကြ၏။


ထို့ကြောင့် တိတု​သည် သင်တို့​အထဲ​၌ ဤ​လှူဒါန်းခြင်း​ကို စတင်​ဆောင်ရွက်ခဲ့သည့်​အားလျော်စွာ ပြီးမြောက်​အောင် ဆောင်ရွက်​နိုင်ရန် သူ့​အား ကျွန်ုပ်တို့​တိုက်တွန်းခဲ့၏။


သူတို့​၏ တစ်ခုတည်းသော အကြံပြုချက်​မှာ ဆင်းရဲသားတို့​အား ဆက်​၍ သတိရ ကူညီ​ရန် ဖြစ်၏။ ဤ​အရာ​သည် ကျွန်ုပ်​လုပ်ဆောင်​ရန် စိတ်အား​ထက်သန်နေခဲ့သော​အရာ ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင် မဟုတ်။ ဘုရားသခင်​သည် သင်တို့​ပြုသော​အမှု​ကို​လည်းကောင်း၊ ယုံကြည်သူတို့​ကို ယခင်​က အစေခံ​သကဲ့သို့ ယခု​ဆက်လက် အစေခံရာ​တွင် ထားသော​သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသိအမှတ်​မပြုဘဲ နေတော်မူမည်​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ