ထိုအခါ ယောသပ်သည် ထ၍ သူငယ်တော်နှင့် မယ်တော်ကို ခေါ်ဆောင်ကာ အစ္စရေးပြည်သို့ ပြန်လေ၏။
ဟေဗြဲ 11:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမွေခံရမည့်အရပ်သို့ ထွက်သွားရန် ဘုရားသခင် ခေါ်တော်မူသောအခါ အာဗြဟံသည် မည်သည့်အရပ်သို့ ထွက်သွားရမည်ကိုပင် မသိဘဲ ယုံကြည်ခြင်းဖြင့် နာခံ၍ ထွက်ခွာခဲ့၏။ Common Language Bible အာဗြဟံသည်ဘုရားသခင်ခေါ်တော်မူ သောအခါ ကိုယ်တော်၏စကားကိုနားထောင်၍ မိမိအားကတိထားတော်မူသောပြည်သို့ ယုံကြည်ခြင်းအားဖြင့်ထွက်ခွာသွား၏။ သူ သည်အဘယ်အရပ်သို့သွားရမည်ကို မသိဘဲ မိမိ၏ရပ်ရွာကိုစွန့်ခဲ့ပေသည်။- Garrad Bible ယုံ ကြည် ခြင်း အား ဖြင့် အာ ဗြ ဟံ သည် ပိုင် ရ မည့် ပြည် သို့ သွား ရန် ခေါ် တော် မူ သည့် အ လျောက် နာ ခံ လျက် မည် သည့် ဒေ သ မှန်း မ သိ ဘဲ ထွက် သွား လေ၏။ Judson Bible အာဗြဟံသည် အမွေခံရလတ္တံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံသည် အမွေအဖြစ်ဆက်ခံရမည့်ပြည်သို့ထွက်ခွာသွားရန် ခေါ်ယူတော်မူခြင်းခံရသောအခါ မည်သည့်အရပ်သို့သွားရမည်ကိုမသိဘဲလျက် ယုံကြည်ခြင်းအားဖြင့်နာခံ၍ ထွက်သွားလေ၏။ |
ထိုအခါ ယောသပ်သည် ထ၍ သူငယ်တော်နှင့် မယ်တော်ကို ခေါ်ဆောင်ကာ အစ္စရေးပြည်သို့ ပြန်လေ၏။
ကျွန်ုပ်တို့သည် ထိုသားတော်အားဖြင့် တမန်တော်ဖြစ်ခြင်း အခွင့်ထူးကို ရရှိကြ၏။ ဤသည်မှာ ထိုသခင်၏ နာမတော်အတွက် ယုံကြည်ခြင်းကြောင့် ဖြစ်လာသော နာခံခြင်းအကြောင်းကို လူမျိုးခြားအပေါင်းတို့ထဲတွင် ဟောပြောရန် ဖြစ်၏။
သို့သော်လည်း သတင်းကောင်းကို လူတိုင်း လက်ခံသည် မဟုတ်။ ပရောဖက်ဟေရှာယက “အို ထာဝရဘုရား… အကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို မည်သူယုံပါသနည်း” ဟု ဆိုခဲ့၏။
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်အား သိကျွမ်းသည့်ဉာဏ်ပညာကို ဆန့်ကျင်သောမာန်မာနတိုင်းကို ဖြိုဖျက်၍ လူ့အတွေးအခေါ်တိုင်းကို ချုပ်နှောင်ကာ ခရစ်တော်၏စကားကို နာခံစေကြ၏။
ထိုသူတို့သည် ယုံကြည်ခြင်းဖြင့် အခြားတိုင်းနိုင်ငံကို အောင်နိုင်ခြင်း၊ တရားမျှတစွာ အုပ်ချုပ်ခြင်း၊ ကတိတော်များကို ခံစားရခြင်း၊ ခြင်္သေ့ပါးစပ်ကို ပိတ်ခြင်း၊
ကိုယ်တော်သည် ပြီးပြည့်စုံလာသည့်အတွက် မိမိကို နာခံသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကို ပေးတော်မူသောအရှင်ဖြစ်လာ၏။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
ထိုနည်းတူ ဇနီးသည်တို့… သင်တို့၏ခင်ပွန်းသည်ကို နာခံကြလော့။ သို့ပြုလျှင် အချို့ခင်ပွန်းသည်တို့သည် နှုတ်ကပတ်တရားကို မယုံကြည်သော်လည်း သင်တို့၏ ဘုရားတရားရိုသေကိုင်းရှိုင်း၍ သန့်ရှင်းစင်ကြယ်သောပြုမူနေထိုင်ပုံကို မြင်သဖြင့် စကားတစ်ခွန်းမျှပင် မလိုဘဲ ယုံကြည်လာလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အိမ်တော်သားတို့ကို ဦးစွာ တရားစီရင်မည့်အချိန်ရောက်လာသောကြောင့်ဖြစ်၏။ ထိုသို့ ကျွန်ုပ်တို့ကို ဦးစွာ တရားစီရင်လျှင် ဘုရားသခင်၏ သတင်းကောင်းကို မနာခံသောသူတို့၏ အဆုံးသတ်သည် မည်သို့ဖြစ်မည်နည်း။