အာဗြဟံနှင့် ဒါဝိဒ်မင်းတို့ထံမှ ဆင်းသက်တော်မူသော ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။
ဟေဗြဲ 11:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပြည့်တန်ဆာရာခပ်သည် ယုံကြည်ခြင်းဖြင့် အစ္စရေးသူလျှိုတို့ကို ငြိမ်းချမ်းစွာ ကြိုဆိုသောကြောင့် မယုံကြည်သူတို့နှင့်အတူ အသက်မဆုံးရှုံးခဲ့ပေ။ Common Language Bible ပြည့်တန်ဆာရာခပ်သည်ဣသရေလသူလျှိုတို့ အားဖော်ရွေစွာလက်ခံခဲ့သည့်အတွက် ဘုရား သခင်၏စကားကိုနားမထောင်သူတို့နှင့် အတူအသတ်မခံရပေ။ Garrad Bible ယုံ ကြည် ခြင်း အား ဖြင့် ပြည် တန် ဆာ ရာ ခပ် သည် သူ လျှို တို့ ကို ငြိမ် ဝပ် စွာ လက် ခံ သော ကြောင့် နား မ ထောင် သူ တို့ နှင့် အ တူ မ ပျက် စီး ရ။ Judson Bible ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့် အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။ မြန်မာ့စံမီသမ္မာကျမ်း ပြည့်တန်ဆာရာခပ်သည် ယုံကြည်ခြင်းအားဖြင့် သူလျှိုတို့ကို ငြိမ်းချမ်းစွာလက်ခံသောကြောင့် မယုံကြည်သောသူတို့နှင့်အတူမပျက်စီးခဲ့ရပေ။ |
အာဗြဟံနှင့် ဒါဝိဒ်မင်းတို့ထံမှ ဆင်းသက်တော်မူသော ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။
စာလမုန်နှင့် ဇနီးရာခပ်တို့၏သား ဗောဇဖြစ်၏။ ဗောဇနှင့် ဇနီးရုသတို့၏သား သြဗက်ဖြစ်၏။ သြဗက်သား ယေရှဲဖြစ်၏။
ထိုသူတို့သည် အချိန်အတန်ကြာနေပြီးနောက် ယုံကြည်သူတို့က ဂျေရုဆလင်မြို့ရှိတမန်တော်များထံ ငြိမ်းချမ်းစွာပြန်ရန် လွှတ်လိုက်ကြ၏။
ဘုရားသခင်သည် သူ၏စံမြန်းနားခိုရာထဲသို့ မဝင်ရဟု မည်သူ့ကို ကျိန်ဆိုခဲ့သနည်း။ သူတို့သည် မနာခံ ငြင်းဆန်သူများ မဟုတ်လော။
ထိုနည်းတူ ပြည့်တန်ဆာရာခပ်သည်လည်း တမန်တို့ကို လက်ခံ၍ အခြားလမ်းဖြင့် လွှတ်လိုက်သောအခါ ထိုလုပ်ဆောင်ခြင်းအားဖြင့် ဖြောင့်မတ်ကြောင်း သတ်မှတ်ခံရသည်မဟုတ်လော။
ထို့အပြင် ကျမ်းစာ၌ “၎င်းသည် ဆူးငြောင့်ခလုတ်ဖြစ်သောကျောက်၊ တိုက်မိ၍လဲစရာဖြစ်သောကျောက် ဖြစ်၏” ဟု ဖော်ပြထား၏။ သူတို့သည် နှုတ်ကပတ်တော်ကို မနာခံသောကြောင့် ထိမိ၍လဲကြ၏။ ဤထိမိ၍လဲခြင်းသည် သူတို့အတွက် ကြိုတင်သတ်မှတ်ထားသောအရာဖြစ်၏။
ထိုဝိညာဉ်များမှာ နောဧသည် သင်္ဘောဆောက်စဉ် ဘုရားသခင် စိတ်ရှည်စွာ စောင့်ဆိုင်းတော်မူသော်လည်း နောင်တမရသည့် မယုံကြည်သောသူများဖြစ်ကြ၏။ ထိုအချိန်တွင် သင်္ဘောထဲမှ အနည်းငယ်ဖြစ်သော လူရှစ်ဦးသာ ရေလွှမ်းမိုးခြင်းမှ ကယ်တင်ခံခဲ့ကြ၏။