ထိုသူတချို့ ညည်းညူသကဲ့သို့ မညည်းညူကြနှင့်။ ထိုသူတို့သည် ညည်းညူသောကြောင့် သေမင်းတမန်၏ လက်ချက်ဖြင့် သေကျေပျက်စီးခဲ့ကြ၏။
ဟေဗြဲ 11:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သားဦးတို့ကို သတ်သောသူသည် အစ္စရေးလူမျိုးတို့၏ သားဦးတို့ကို မထိခိုက်စေရန် မောရှေသည် ယုံကြည်ခြင်းဖြင့် ပသခါပွဲကျင်းပ၍ အသွေးဖျန်းလေ၏။ Common Language Bible ဣသရေလအမျိုးသားတို့၏သားဦးများကို သေမင်းတမန်မသတ်စေရန် သူသည်ယုံကြည် ခြင်းအားဖြင့်ပသခါပွဲကိုစီမံ၍ တံခါး တိုင်များကိုသွေးဖြင့်ပက်ဖျန်းစေ၏။ Garrad Bible ယုံ ကြည် ခြင်း အား ဖြင့် သူ သည် သား ဦး တို့ ကို လုပ် ကြံ သော စေ တ မန် တော် မ ထိ မ ခိုက် စေ ရန် ပ သ ခါ ပွဲ နှင့် အ သွေး သွန်း ပက် ခြင်း ဝတ် ကို စောင့် ရှောက်၏။ Judson Bible သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှာ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကိုလည်းကောင်း၊ အသွေးဖျန်းဆွတ်ခြင်းကိုလည်းကောင်း စောင့်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း သားဦးတို့ကိုဖျက်ဆီးသောသူသည် အစ္စရေးလူမျိုးတို့ကိုမထိခိုက်စေရန် သူသည် ယုံကြည်ခြင်းအားဖြင့် ပသခါပွဲတော်နှင့်သွေးဖျန်းခြင်းတို့ကို စီမံဆောင်ရွက်လေ၏။ |
ထိုသူတချို့ ညည်းညူသကဲ့သို့ မညည်းညူကြနှင့်။ ထိုသူတို့သည် ညည်းညူသောကြောင့် သေမင်းတမန်၏ လက်ချက်ဖြင့် သေကျေပျက်စီးခဲ့ကြ၏။
ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏ သွေးထက် ပို၍ မြတ်သောအရာကို မိန့်ဆိုသည့် ပက်ဖျန်းထားသောသွေးတော်ထံသို့ လည်းကောင်း ရောက်ကြ၏။
မောရှေသည် လူအပေါင်းတို့အား ဘုရားသခင်၏ ပညတ်ချက်တစ်ခုစီတိုင်းကို ကြေညာပြီးလျှင် နွားသငယ်တို့၏ အသွေး၊ ဆိတ်သွေးကို ရေနှင့်ရောကာ ဟုဿုပ်ပင်၏ အညွန့်နှင့် နီသောသိုးမွေးကို အသုံးပြု၍ ကျမ်းစာလိပ်နှင့်တကွ လူအပေါင်းတို့ကို ဖျန်းလေ၏။
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။