ထို့ကြောင့် ကျွန်ုပ်တို့သည် ယခုမြင်ရသောအရာများကို အာရုံမစိုက်ဘဲ မမြင်ရသောအရာများကိုသာ အာရုံစိုက်ကြ၏။ မြင်ရသောအရာများသည် မကြာမီပျောက်ကွယ်သွားမည်ဖြစ်ပြီး မမြင်ရသောအရာများသည် ထာဝရတည်မြဲလိမ့်မည်။
ဟေဗြဲ 11:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ဝန်ခံပြောဆိုသောသူတို့သည် မိမိတို့၏ကိုယ်ပိုင်နေရပ်မြေကို တောင့်တကြောင်း ဖော်ပြကြ၏။ Common Language Bible ယင်းသို့ဝန်ခံသူတို့သည် မိမိတို့ကိုယ်ပိုင် နိုင်ငံတစ်ခုကိုရှာလျက်နေကြကြောင်း အတိအလင်းပြောဆိုကြ၏။- Garrad Bible ထို သို့ ဝန် ခံ သူ တို့ သည် ကိုယ် ပိုင် ပြည် ကို တောင့် တ လျက် နေ ကြောင်း ဖော် ပြ ကြ၏။ Judson Bible ထိုသို့ ဝန်ခံသောသူတို့သည် မိမိတို့အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်းပြောဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဝန်ခံသောသူတို့သည် မိမိတို့နေရင်းပြည်ကို ကြိုးစားရှာဖွေနေကြောင်း ထင်ရှားစေကြ၏။ |
ထို့ကြောင့် ကျွန်ုပ်တို့သည် ယခုမြင်ရသောအရာများကို အာရုံမစိုက်ဘဲ မမြင်ရသောအရာများကိုသာ အာရုံစိုက်ကြ၏။ မြင်ရသောအရာများသည် မကြာမီပျောက်ကွယ်သွားမည်ဖြစ်ပြီး မမြင်ရသောအရာများသည် ထာဝရတည်မြဲလိမ့်မည်။
ကျွန်ုပ်သည် ဤအရာနှစ်ခုကြားတွင် အခက်တွေ့နေ၏။ ဤဘဝကို စွန့်ခွာပြီး ခရစ်တော်နှင့် အတူရှိနေရန် ကျွန်ုပ်တောင့်တ၏။ ထိုအရာသည် ကျွန်ုပ်အတွက် ပို၍ကောင်း၏။
ဤလူအပေါင်းတို့သည် ယုံကြည်လျက် သေလွန်ကြ၏။ သူတို့သည် ဘုရားသခင်ကတိပြုတော်မူသည့်အရာများကို မရရှိခဲ့သော်လည်း အဝေးကပင် မြင်၍ ကြိုဆိုခဲ့ကြ၏။ သူတို့သည် ဤလောကတွင် ခေတ္တတည်းခိုသူများ၊ ဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။
အကယ်၍ သူတို့သည် မိမိတို့ထွက်ခွာလာခဲ့သော ပြည်ကို သတိရသည်မှန်လျှင် ထိုပြည်သို့ ပြန်ရန် အခွင့်အရေးရှိခဲ့ကြ၏။
သို့သော် ထိုသူတို့သည် ပို၍ ကောင်းသောပြည်ဖြစ်သည့် ကောင်းကင်ဘုံ၌ ရှိသော ပြည်ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခံရခြင်းကို ရှက်တော်မမူသည့်အပြင် သူတို့နေထိုင်ရန် မြို့ကိုပင် တည်တော်မူပြီ။
အဘယ်ကြောင့်ဆိုသော် ဤလောက၌ ကျွန်ုပ်တို့အတွက် တည်မြဲသောမြို့ မရှိသောကြောင့် ဖြစ်၏။ အနာဂတ်၌ ပေါ်ထွန်းမည့်မြို့ကိုသာ ကျွန်ုပ်တို့တောင့်တကြ၏။