ငါ့ခမည်းတော်၏ အိမ်တော်တွင် နေစရာအခန်းများစွာ ရှိ၏။ ထိုသို့ မရှိလျှင် ငါသည် သင်တို့နေရမည့်နေရာကို သွား၍ ပြင်ဆင်မည်ဟု ပြောမည်လော။
ဟေဗြဲ 11:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ဘုရားသခင် စီမံဆောက်လုပ်တော်မူသည့် ခိုင်ခံ့သောအုတ်မြစ်များရှိသည့်မြို့ကို မျှော်လင့်နေခဲ့သောကြောင့်ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်အာဗြဟံသည် ဘုရားသခင်စီမံတည်ဆောက်တော်မူ သောခိုင်ခန့်သည့်အုတ်မြစ်ရှိသောမြို့ကို မျှော်လင့်စောင့်စားလျက်နေသောကြောင့် တည်း။ Judson Bible အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကို မျှော်လင့်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူသည် ဘုရားသခင်ရေးဆွဲစီမံ၍ တည်ဆောက်တော်မူသော ခိုင်ခံ့သည့်အုတ်မြစ်ရှိသောမြို့ကို မျှော်လင့်နေ၏။ |
ငါ့ခမည်းတော်၏ အိမ်တော်တွင် နေစရာအခန်းများစွာ ရှိ၏။ ထိုသို့ မရှိလျှင် ငါသည် သင်တို့နေရမည့်နေရာကို သွား၍ ပြင်ဆင်မည်ဟု ပြောမည်လော။
ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့နေထိုင်သော ယာယီတဲနှင့် တူ၏။ ဤယာယီတဲ ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မဆောက်လုပ်ဘဲ ဘုရားသခင်ဖန်ဆင်းတော်မူသည့် ထာဝရအိမ်နှင့် တူသောကိုယ်ခန္ဓာသစ်ရှိကြောင်းကို ကျွန်ုပ်တို့သိကြ၏။
သို့သော် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသားများဖြစ်ကြပြီး ထိုကောင်းကင်ဘုံမှ ကြွလာတော်မူမည့် ကယ်တင်ရှင် သခင်ယေရှုခရစ်တော်ကို စောင့်မျှော်နေကြ၏။
သို့သော် ထိုသူတို့သည် ပို၍ ကောင်းသောပြည်ဖြစ်သည့် ကောင်းကင်ဘုံ၌ ရှိသော ပြည်ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခံရခြင်းကို ရှက်တော်မမူသည့်အပြင် သူတို့နေထိုင်ရန် မြို့ကိုပင် တည်တော်မူပြီ။
သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ ကောင်းကင်တမန်ထောင်ပေါင်းများစွာ စုဝေးရာ အသက်ရှင်တော်မူသောဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ဘုံရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မတုန်လှုပ်နိုင်သောနိုင်ငံကို ရရှိသဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ရိုသေလျက် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြစို့။
အဘယ်ကြောင့်ဆိုသော် ဤလောက၌ ကျွန်ုပ်တို့အတွက် တည်မြဲသောမြို့ မရှိသောကြောင့် ဖြစ်၏။ အနာဂတ်၌ ပေါ်ထွန်းမည့်မြို့ကိုသာ ကျွန်ုပ်တို့တောင့်တကြ၏။
အဘယ်ကြောင့်ဆိုသော် အိမ်ကို လူက တည်ဆောက်သော်လည်း ဘုရားသခင်သည် အရာခပ်သိမ်းကို တည်ဆောက်တော်မူသောကြောင့်ဖြစ်၏။
သန့်ရှင်းသောမြို့တော်ဖြစ်သော ဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက် လှပစွာ ဝတ်ဆင်ထားသော သတို့သမီးတစ်ဦးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။