ပညတ်တရားသည် ပုံသဏ္ဌာန်အစစ်အမှန်များမဟုတ်ဘဲ ဖြစ်ပေါ်လာမည့် ကောင်းကျိုးများ၏ အရိပ်မျှသာဖြစ်၏။ ထို့ကြောင့် ထိုတူညီသောယဇ်ကို နှစ်စဉ်မပြတ် ယဇ်ပူဇော်ခြင်းဖြင့် ဝတ်ပြုသူတို့ကို ပြီးပြည့်စုံစေရန် လုံးဝမတတ်နိုင်ပေ။
ဟေဗြဲ 10:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်တိုင်းသည် နေ့စဉ် ရပ်လျက် မိမိတာဝန်ကို ဆောင်ရွက်ကာ အပြစ်ကို လုံးဝမဖြေနိုင်သော ထိုယဇ်များကို အကြိမ်ကြိမ် ပူဇော်ကြရ၏။ Common Language Bible ယုဒယဇ်ပုရောဟိတ်သည်နေ့စဉ်နေ့တိုင်း မိမိ ၏ဝတ္တရားကိုရပ်၍ ဆောင်ရွက်လျက်အဘယ် အခါ၌မျှ အပြစ်ဖြေနိုင်စွမ်းမရှိသည့်ယဇ် ကိုအဖန်တလဲလဲပူဇော်ရ၏။- Garrad Bible ၎င်း ပြင် ပ ရော ဟိတ် ရှိ သ မျှ သည် မည် သည့် အ ခါ မျှ အ ပြစ် မ ပယ် နိုင် သော ထို ပူ ဇော် သ က္ကာ များ ကို တစ် နေ့ နောက် တစ် နေ့ အ ကြိမ် ကြိမ် ဆက် ကပ် လျက် ဝတ် ပြု လျက် နေ ရ ကြ၏။ Judson Bible ယဇ်ပုရောဟိတ် မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကို မဖြေနိုင်သောယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။- မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အားလုံးသည် နေ့စဉ်ရပ်လျက် ဝတ်ပြုကာ အပြစ်များကိုမဖယ်ရှားနိုင်သည့် တူညီသောယဇ်ကို အကြိမ်ကြိမ်ပူဇော်နေကြ၏။ |
ပညတ်တရားသည် ပုံသဏ္ဌာန်အစစ်အမှန်များမဟုတ်ဘဲ ဖြစ်ပေါ်လာမည့် ကောင်းကျိုးများ၏ အရိပ်မျှသာဖြစ်၏။ ထို့ကြောင့် ထိုတူညီသောယဇ်ကို နှစ်စဉ်မပြတ် ယဇ်ပူဇော်ခြင်းဖြင့် ဝတ်ပြုသူတို့ကို ပြီးပြည့်စုံစေရန် လုံးဝမတတ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် နွားထီးနှင့် ဆိတ်တို့၏ သွေးသည် အပြစ်ကို မဖယ်ရှားနိုင်သောကြောင့်ဖြစ်၏။
လူတို့ထဲမှ ဘုရားသခင်ရွေးချယ်တော်မူသော ယဇ်ပုရောဟိတ်မင်းဟူသည်မှာ ပူဇော်စရာများနှင့် အပြစ်ဖြေရာယဇ်ကို လူတို့ကိုယ်စား ဘုရားသခင်အား ပူဇော်ရန် ခန့်အပ်ခံရသူဖြစ်၏။
အခြားယဇ်ပုရောဟိတ်မင်းများသည် မိမိတို့အပြစ်အတွက် သော်လည်းကောင်း၊ လူတို့၏ အပြစ်အတွက်သော်လည်းကောင်း နေ့တိုင်းယဇ်ပူဇော်ရသော်လည်း ကိုယ်တော်သည် ထိုသို့ပူဇော်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူတို့၏ အပြစ်အတွက် မိမိအသက်ကို ပူဇော်စဉ်က တစ်ကြိမ်တည်းနှင့် အပြီး ပူဇော်သောကြောင့်ဖြစ်၏။
သန့်ရှင်းရာဌာနတော်၌ အမှုထမ်းဆောင်သူဖြစ်၏။ ဤသန့်ရှင်းရာဌာနတော်သည် လူက တည်ဆောက်ထားသော တဲတော်မဟုတ်ဘဲ ထာဝရဘုရားကိုယ်တိုင် တည်ဆောက်ထားသည့် စစ်မှန်သောတဲတော်ဖြစ်၏။
ဘုရားသခင်အား ပညတ်တရားအရ ပူဇော်စရာများပူဇော်ရသော ယဇ်ပုရောဟိတ်များသည် ကမ္ဘာလောကတွင် ရှိနေပြီဖြစ်သောကြောင့် ကိုယ်တော်သည် ကမ္ဘာလောကတွင်ရှိခဲ့လျှင် ယဇ်ပုရောဟိတ်ဖြစ်မည်မဟုတ်။