ထို့နောက် တပည့်တော်တို့ထံ ပြန်ကြွသောအခါ သူတို့သည် ငိုက်မျဉ်း၍ အိပ်ပျော်နေကြသည်ကို တွေ့မြင်တော်မူ၏။ သူတို့သည် ကိုယ်တော်အား မည်သို့ပြန်လည်ဖြေကြားကြရမည်ကို မသိကြ။
လုကာ 9:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် ပေတရုနှင့် အပေါင်းအဖော်တို့သည်လည်း ငိုက်မျဉ်း၍ အိပ်ပျော်လျက်ရှိကြ၏။ အိပ်ပျော်ရာမှ နိုးလာကြသော် သူတို့သည် ယေရှု၏ဘုန်းရောင်ခြည်ကိုလည်းကောင်း၊ ယေရှုနှင့်အတူရပ်နေကြသော လူနှစ်ဦးကိုလည်းကောင်း တွေ့မြင်ကြ၏။ Common Language Bible ပေတရုနှင့်အဖော်များသည်ငိုက်မြည်း အိပ်ပျော်လျက်နေကြ၏။ သို့ရာတွင်သူတို့ နိုးလာသောအခါကိုယ်တော်၏ဘုန်းအသ ရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူ ရပ်နေသူနှစ်ဦးကိုလည်းကောင်းမြင်ကြ၏။- Garrad Bible အိပ် နေ ကြ သူ ပေ တ ရု မှ စ သော အ ပေါင်း အ ဖော် တို့ နိုး သော် ကိုယ် တော်၏ ဘုန်း တော် ကို လည်း ကောင်း၊ အ တူ ရပ် နေ သော ပု ဂ္ဂိုလ် နှစ် ပါး ကိုလည်း ကောင်း မြင် ကြ သ ဖြင့် အ ထံ တော် မှ ထို နှစ် ပါး ထွက် ခွာ ဆဲ တွင်၊ Judson Bible ပေတရုနှင့် သူ၏အဖော်တို့သည် မျက်စိလေးလံသဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့် ရပ်နေသော လူနှစ်ယောက်ကိုလည်းကောင်း မြင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ပေတရုနှင့် သူ၏အပေါင်းအဖော်တို့သည် မျက်စိလေး၍ အိပ်မောကျနေကြ၏။ သို့သော် ကောင်းစွာနိုးလာသောအခါ ကိုယ်တော်၏ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူရပ်နေသူနှစ်ဦးတို့ကိုလည်းကောင်း မြင်ကြ၏။ မြန်မာ ပေတရုနှင့် သူ၏အဖော်တို့သည် မျက်စိလေးလံသဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့် ရပ်နေသော လူနှစ်ယောက်ကိုလည်းကောင်း မြင်ကြ၏။- |
ထို့နောက် တပည့်တော်တို့ထံ ပြန်ကြွသောအခါ သူတို့သည် ငိုက်မျဉ်း၍ အိပ်ပျော်နေကြသည်ကို တွေ့မြင်တော်မူ၏။ သူတို့သည် ကိုယ်တော်အား မည်သို့ပြန်လည်ဖြေကြားကြရမည်ကို မသိကြ။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် တန်ခိုးနှင့် ကြွလာမည့်အကြောင်းကို သင်တို့အား ပြောပြရာတွင် လိမ္မာပါးနပ်စွာ ဖန်တီးထားသောဒဏ္ဍာရီပုံပြင် များကို ပြောပြခြင်းမဟုတ်။ ကျွန်ုပ်တို့သည် ထိုအရှင်၏ ကြီးမြတ်သောတန်ခိုးတော်ကို ကိုယ်တိုင်ဖူးမြင်ရသူများဖြစ်ကြ၏။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။