ယေရှုသည် ထိုတမန်တော် ဆယ့်နှစ်ပါးတို့အား စေလွှတ်တော်မူ၍ “လူမျိုးခြားများထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့၏မြို့ရွာများသို့ မသွားကြနှင့်။
လုကာ 9:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောစေရန်နှင့် ဖျားနာသောသူများအား ကျန်းမာစေရန် တပည့်တော်တို့ကို စေလွှတ်တော်မူ၏။ Common Language Bible ထိုနောက်ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကိုဟောပြောရန်လည်းကောင်း၊ ဖျားနာသူများ ကိုကျန်းမာအောင်ကုသပေးရန်လည်းကောင်း စေလွှတ်တော်မူ၏။- Garrad Bible ဘု ရား သ ခင့် နိုင် ငံ တော် အ ကြောင်း ကြား ပြော၍ သူ နာ တို့ ကို ကျန်း မာ စေ ရန် စေ လွှတ် တော် မူ ရာ၊ Judson Bible ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းငှာလည်းကောင်း၊ လူနာတို့ကို ချမ်းသာစေခြင်းငှာလည်းကောင်း စေလွှတ်တော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောရန်နှင့် နာမကျန်းဖြစ်သူများကိုကျန်းမာစေရန် သူတို့ကိုစေလွှတ်တော်မူ၍ မြန်မာ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းငှာလည်းကောင်း၊ လူနာတို့ကို ချမ်းသာစေခြင်းငှာလည်းကောင်း စေလွှတ်တော်မူ၍၊- |
ယေရှုသည် ထိုတမန်တော် ဆယ့်နှစ်ပါးတို့အား စေလွှတ်တော်မူ၍ “လူမျိုးခြားများထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့၏မြို့ရွာများသို့ မသွားကြနှင့်။
လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောကြ၍ လူမျိုးအပေါင်းတို့သည်လည်း ထိုသတင်းကောင်းကို ကြားကြလိမ့်မည်။ ထို့နောက်မှ ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
ထို့နောက် ယေရှုက “ကမ္ဘာအရပ်ရပ်သို့ သင်တို့သွား၍ လူအပေါင်းတို့ကို သတင်းကောင်း ဟောပြောကြလော့။
တပည့်တော်တို့သည်လည်း ထွက်သွား၍ လူတို့ကို အပြစ်များမှ နောင်တရ၍ ဘုရားသခင်ထံသို့ ပြောင်းလဲရန် ဟောပြောကြ၏။
ထို့နောက် သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ဆယ့်နှစ်ယောက်ကို ရွေးချယ်ပြီးလျှင် မိမိကြွတော်မူမည့် မြို့၊ ရွာအသီးသီးသို့ ကြိုတင်၍ နှစ်ဦးစီ စေလွှတ်လေ၏။
‘ငါတို့၏ခြေ၌ ကပ်လျက်ရှိသော သင်တို့မြို့၏ဖုန်မှုန့်ကိုပင် ငါတို့ခါချပြီ။ သို့သော် ဘုရားသခင်၏နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဟု သိမှတ်ကြလော့’ ဟု ဟောပြောကြလော့။
ဖျားနာသောသူများအား ကုသပေး၍ ‘ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လာချိန်နီးပြီ’ ဟု ဟောပြောကြလော့။
မောရှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို နှစ်ခြင်းဆရာယောဟန် မပေါ်မီတိုင်အောင် သွန်သင်လျက်ရှိ၏။ သို့သော် ယောဟန်အချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကို ဟောပြောကြ၏။ လူတို့သည်လည်း ထိုနိုင်ငံတော်သို့ အတင်းတိုးဝင်ကြ၏။
ကိုယ်တော်ကြွတော်မူကြောင်းကို လူထုပရိသတ်တို့သည် ကြားသိသဖြင့် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အား ကြိုဆို၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်တော်မူ၏။ ဖျားနာသောသူများကိုလည်း ကျန်းမာစေတော်မူ၏။