ကောင်းကင်နိုင်ငံ၏ သော့များကို သင့်အား ငါပေးမည်။ ကမ္ဘာလောကတွင် သင်တားမြစ်သမျှသည် ကောင်းကင်ဘုံ၌လည်း တားမြစ်ခံရမည်။ ကမ္ဘာလောကတွင် သင်ခွင့်ပြုသမျှသည် ကောင်းကင်ဘုံ၌လည်း ခွင့်ပြုခံရမည်” ဟု မိန့်တော်မူ၏။
လုကာ 9:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ယေရှုသည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူပြီးလျှင် နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာနှင့် အနာရောဂါတို့ကို ပျောက်ကင်းစေနိုင်သောတန်ခိုးကို ပေးတော်မူ၏။ Common Language Bible သခင်ယေရှုသည်တမန်တော်တစ်ဆယ့်နှစ်ပါးတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် နတ်မိစ္ဆာ အပေါင်းကိုနှင်ထုတ်နိုင်သောတန်ခိုးအာဏာ နှင့် အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးအာဏာကိုပေးအပ်တော်မူ၏။- Garrad Bible ကိုယ် တော် သည် တစ် ဆယ့် နှစ် ပါး တို့ ကို ခေါ် ပြီး လျှင် နတ် ရှိ သ မျှ ကို နိုင် ခွင့်၊ အာ ဏာ တန် ခိုး နှင့် အ နာ ရော ဂါ များ ကို ကင်း ပျောက် စေ ခွင့်၊ အာ ဏာ တန် ခိုး ပေး အပ် တော် မူ လျက်၊ Judson Bible တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ၊ နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုးနှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှာ အခွင့်တန်ခိုးကို ပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုစုရုံးစေပြီးလျှင် သူတို့အား နတ်ဆိုးအပေါင်းတို့ကိုနိုင်၍ ရောဂါများကိုငြိမ်းစေနိုင်သော တန်ခိုးနှင့်အခွင့်အာဏာတို့ကိုပေးတော်မူ၏။ မြန်မာ တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ၊ နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုးနှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှာ အခွင့်တန်ခိုးကို ပေးတော်မူ၏။- |
ကောင်းကင်နိုင်ငံ၏ သော့များကို သင့်အား ငါပေးမည်။ ကမ္ဘာလောကတွင် သင်တားမြစ်သမျှသည် ကောင်းကင်ဘုံ၌လည်း တားမြစ်ခံရမည်။ ကမ္ဘာလောကတွင် သင်ခွင့်ပြုသမျှသည် ကောင်းကင်ဘုံ၌လည်း ခွင့်ပြုခံရမည်” ဟု မိန့်တော်မူ၏။
ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့သည် ဖျားနာသူများ၊ ရောဂါဝေဒနာအမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများနှင့် လေဖြတ်နေသူများကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုသူတို့အားလုံး၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။
ဤသို့ဆိုရခြင်းမှာ အကျွန်ုပ်သည် အမိန့်အာဏာအောက်တွင် ရှိသူဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင်လည်း စစ်သားများရှိသောကြောင့် ဖြစ်၏။ အကျွန်ုပ်သည် တစ်ဦးကို ‘သွားလော့’ ဟု ပြောလျှင် သူသည်သွားရ၏။ အခြားတစ်ဦးကို ‘လာလော့’ ဟု ပြောလျှင် သူသည်လာရ၏။ အကျွန်ုပ်၏အစေခံကို ‘ဤအရာကို လုပ်ဆောင်လော့’ ဟု ပြောလျှင် သူသည် လုပ်ဆောင်ရပါ၏” ဟု လျှောက်လေ၏။
ထို့နောက် သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ဆယ့်နှစ်ယောက်ကို ရွေးချယ်ပြီးလျှင် မိမိကြွတော်မူမည့် မြို့၊ ရွာအသီးသီးသို့ ကြိုတင်၍ နှစ်ဦးစီ စေလွှတ်လေ၏။
ကြည့်လော့။ ငါသည် သင်တို့ကို မြွေဆိုးနှင့် ကင်းမြီးကောက်များအပေါ်တွင် နင်းခြေရသောအခွင့်နှင့် ရန်သူများအပေါ် အုပ်စိုးရသော တန်ခိုးအာဏာကို ပေး၏။ မည်သည့်အရာမျှ သင်တို့ကို မထိခိုက်စေရ။
သင်တို့အား ငါအမှန် ဆိုသည်မှာ ငါ့ကို ယုံကြည်သောသူသည် ငါပြုသော အမှုတို့ကို ပြုလိမ့်မည်။ ထိုထက် ပို၍ကြီးသောအမှုတို့ကိုပင် ပြုလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်သောကြောင့်ပင်။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏ နာမတော်သည် ဤလူကို သန်စွမ်းစေတော်မူ၏။ ယခင်က ဤလူသည် ခြေမသန်စွမ်းသူဖြစ်ကြောင်း သင်တို့သိမြင်ကြ၏။ ထိုသခင်အားဖြင့် ရရှိသော ယုံကြည်ခြင်းသည်လည်း ဤခြေမသန်စွမ်းသူအား သင်တို့အားလုံးရှေ့၌ အကောင်းပကတိအတိုင်း ဖြစ်စေပြီ။
အို ဘုရားသခင်… လူများကို ကျန်းမာစေရန် လက်တော်ကို ဆန့်တော်မူစဉ် သန့်ရှင်းတော်မူသောအစေခံယေရှု၏အမည်နာမအားဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ဖြစ်ပေါ်စေတော်မူပါ” ဟု ဘုရားသခင်ထံ ဆုတောင်းကြ၏။
ပေတရုက ထိုသူအား “အဲနေ၊ ယေရှုခရစ်တော်သည် သင့်ကို ကျန်းမာစေပြီ။ ထ၍ အိပ်ရာသိမ်းလော့” ဟု ဆိုသော် သူသည်ချက်ချင်းထလေ၏။