Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 9:1 - မြန်မာ

1 တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​မှ၊ နတ်​ဆိုး​အ​ပေါင်း​တို့​ကို နိုင်​သော​တန်​ခိုး​နှင့် အ​နာ​ရော​ဂါ​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ အ​ခွင့်​တန်​ခိုး​ကို ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 သ​ခင်​ယေ​ရှု​သည်​တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့ ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် နတ်​မိစ္ဆာ အ​ပေါင်း​ကို​နှင်​ထုတ်​နိုင်​သော​တန်​ခိုး​အာ​ဏာ နှင့် အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ကိုယ် တော် သည် တစ် ဆယ့် နှစ် ပါး တို့ ကို ခေါ် ပြီး လျှင် နတ် ရှိ သ မျှ ကို နိုင် ခွင့်၊ အာ ဏာ တန် ခိုး နှင့် အ နာ ရော ဂါ များ ကို ကင်း ပျောက် စေ ခွင့်၊ အာ ဏာ တန် ခိုး ပေး အပ် တော် မူ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​မှ၊ နတ်​ဆိုး​အ​ပေါင်း​တို့​ကို နိုင်​သော​တန်​ခိုး​နှင့် အ​နာ​ရော​ဂါ​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ အ​ခွင့်​တန်​ခိုး​ကို ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​စုရုံး​စေ​ပြီးလျှင် သူ​တို့​အား နတ်ဆိုး​အပေါင်း​တို့​ကို​နိုင်​၍ ရောဂါ​များ​ကို​ငြိမ်း​စေ​နိုင်​သော တန်ခိုး​နှင့်​အခွင့်​အာဏာ​တို့​ကို​ပေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 တစ်နေ့​၌ ယေရှု​သည် တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ခေါ်တော်မူ​ပြီးလျှင် နတ်ဆိုးများ​ကို နှင်ထုတ်နိုင်သော​အခွင့်အာဏာ​နှင့် အနာရောဂါတို့​ကို ပျောက်ကင်းစေနိုင်သော​တန်ခိုး​ကို ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 9:1
15 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​နိုင်​ငံ​တော်၏ သော့​တို့​ကို​လည်း သင့်​အား ငါ​ပေး​မည်။ သင်​သည် မြေ​ကြီး​ပေါ်​မှာ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-


သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။


ဥ​ပ​မာ​ကား၊ ကျွန်​တော်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို လာ​ခဲ့​ဟု​ဆို​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​လေ၏။-


ထို​နောက်​မှ သ​ခင်​ဘု​ရား​သည် အ​ခြား​သော​တ​ပည့်​တော် ခု​နစ်​ကျိပ်​တို့​ကို ခန့်​ထား​တော်​မူ၍၊ ကိုယ်​တိုင်​ကြွ​လေ​အံ့​သော မြို့​ရွာ​အ​ရပ်​ရပ်​တို့​သို့ ရှေ့​တော်၌ နှစ်​ယောက်​စီ နှစ်​ယောက်​စီ စေ​လွှတ်​တော်​မူ၏။-


သင်​တို့​သည် မြွေ၊ ကင်း​မြီး​ကောက်​တို့​ကို နိုင်​ရ​သော​အ​ခွင့်​နှင့် ရန်​သူ​များ​ကို​နိုင်​ရ​သော အ​ခွင့်​တန်​ခိုး​ကို ငါ​ပေး၏။ သင်​တို့​ကို အ​ဘယ်​ဘေး​မျှ မ​ညှဉ်း​ဆဲ​ရ။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို ပြု​လိမ့်​မည်။ ထို​အ​မှု​တို့​ထက်​သာ၍ ကြီး​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား၍၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ