ယေရှုကို သစ္စာဖောက်၍ အပ်နှံသောယုဒက “ငါနမ်း၍ နှုတ်ဆက်သောသူသည် ယေရှုဖြစ်၏။ သူ့ကို ဖမ်းဆီးကြလော့” ဟု သူတို့အား အချက်ပြအမှတ်အသားကို ကြိုတင်ပေးထား၏။
လုကာ 7:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် ငါ့ကိုမနမ်း။ သို့သော် သူသည် ငါဝင်လာသောအချိန်မှစ၍ ငါ့ခြေကို အဆက်မပြတ် နမ်းလေပြီ။ Common Language Bible သင်သည်ငါ့ကိုမနမ်း။ ထိုအမျိုးသမီး သည်ဤအိမ်သို့ဝင်ချိန်မှစ၍ငါ၏ခြေ ကိုအဆက်မပြတ်နမ်းလေပြီ။- Garrad Bible ငါ့ ကို သင် မ နမ်း၊ ဤ မိန်း မ မူ ကား ငါ ၀င် လာ သည့် အ ချိန် က စ၍ ခြေ ကို မ ပြတ် နမ်း ရှုပ် လေ ပြီ။ Judson Bible သင်သည် ငါ့ကိုမနမ်း၊ သူမူကား၊ အိမ်သို့ဝင်သော အချိန်မှစ၍ ငါ့ခြေကို နမ်းလျက်မစဲဘဲနေ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်သည် ငါ့ကိုမနမ်း။ သို့သော် သူသည် ဝင်လာသည့်အချိန်မှစ၍ ငါ့ခြေကိုအဆက်မပြတ်နမ်းလျက်နေ၏။ မြန်မာ သင်သည် ငါ့ကိုမနမ်း၊ သူမူကား၊ အိမ်သို့ဝင်သော အချိန်မှစ၍ ငါ့ခြေကို နမ်းလျက်မစဲဘဲနေ၏။- |
ယေရှုကို သစ္စာဖောက်၍ အပ်နှံသောယုဒက “ငါနမ်း၍ နှုတ်ဆက်သောသူသည် ယေရှုဖြစ်၏။ သူ့ကို ဖမ်းဆီးကြလော့” ဟု သူတို့အား အချက်ပြအမှတ်အသားကို ကြိုတင်ပေးထား၏။
အချင်းချင်း တစ်ဦးကို တစ်ဦး သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ဤအရပ်ရှိ ညီအစ်ကိုမောင်နှမများကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ အချင်းချင်း တစ်ဦးကိုတစ်ဦး သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။
ဖခင်တို့… သင်တို့၏ သားသမီးများကို စိတ်မဆိုးစေကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့် ညီသော ဆုံးမသွန်သင်ခြင်းဖြင့် ပြုစုပျိုးထောင်ကြလော့။