လုကာ 7:40 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက ထိုသူအား “ရှိမုန်… ငါသည် သင့်အားပြောစရာတစ်ခုရှိ၏” ဟူ၍ မိန့်တော်မူလျှင် ရှိမုန်ကလည်း “မိန့်တော်မူပါ ဆရာတော်” ဟု လျှောက်လေ၏။ Common Language Bible ထိုအခါသခင်ယေရှုကထိုသူအား ``ရှိမုန်၊ သင့်အားငါပြောစရာတစ်ခုရှိ၏'' ဟုမိန့် တော်မူ၏။ ရှိမုန်က ``ဆရာတော်၊အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။ Garrad Bible ယေ ရှု က အို ရှိ မုန်၊ သင့် အား ငါ ပြော ရန် ရှိ သည် ဟု မိန့် တော် မူ သော် ဆ ရာ မိန့် တော် မူ ပါ ဟု လျှောက် သည့် ကာ လ၊ Judson Bible ယေရှုကလည်း၊ အချင်းရှိမုန်၊ သင့်အား ငါပြောစရာတစ်ခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့်ရှိတော်မူပါဟု လျှောက်သော်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုက“ရှိမုန်၊ သင့်ကို ငါပြောစရာတစ်ခုရှိ၏”ဟု မိန့်တော်မူရာ သူက “ပြောပါ ဆရာ”ဟု ပြန်လျှောက်လေ၏။ မြန်မာ ယေရှုကလည်း၊ အချင်းရှိမုန်၊ သင့်အား ငါပြောစရာတစ်ခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့်ရှိတော်မူပါဟု လျှောက်သော်၊- |
တရားစီရင်သောနေ့တွင် ‘သခင်… သခင်… အကျွန်ုပ်တို့သည် သခင်၏အမည်နာမတော်အားဖြင့် ဟောပြောသွန်သင်ခဲ့ကြသည်မဟုတ်လော။ သခင်၏အမည်နာမတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်ခဲ့ကြသည်မဟုတ်လော။ သခင်၏အမည်နာမတော်အားဖြင့် အံ့ဖွယ်တန်ခိုးများစွာကို ပြခဲ့ကြသည်မဟုတ်လော’ ဟူ၍ လူတို့သည် ငါ့အား လျှောက်ကြလိမ့်မည်။
ဘာသာရေးခေါင်းဆောင်တစ်ဦးက ယေရှုအား “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်၏။
ယေရှုသည် ထိုသူတို့ မည်သို့တွေးတောနေကြသည်ကို သိတော်မူသဖြင့် “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
ယေရှုက “ကျန်းမာသောသူတို့သည် ဆရာဝန်ကိုမလိုအပ်ပါ။ ဖျားနာသောသူတို့သာလျှင် လိုအပ်ကြ၏။
ကိုယ်တော်သည် ထိုသူတို့၏တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသော်လည်း လက်သေသောသူအား “ထလော့။ လူတို့ရှေ့ လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ရပ်လေ၏။
ထိုသို့ပြုသည်ကို ယေရှုအား ဖိတ်ခေါ်သူ ဖာရိရှဲသည် မြင်လေသော် “ဤသူသည် ပရောဖက်တစ်ပါးဖြစ်လျှင် သူ့အားထိနေသော ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောသူ ဖြစ်ကြောင်းကို သိရမည်။ ဤအမျိုးသမီးသည် အပြစ်များသော အမျိုးသမီးဖြစ်သည်” ဟု မိမိစိတ်ထဲ၌ တွေးတောလေ၏။
“အကြွေးရှင်တစ်ဦး၌ အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးတွင် ငွေဒင်္ဂါးပြားငါးရာ၊ အခြားတစ်ဦးတွင် ငွေဒင်္ဂါးပြားငါးဆယ် အကြွေးရှိ၏။
သင်တို့သည် ငါ့ကို ဆရာတော်ဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်ဆိုကြ၏။ ငါသည် သင်တို့ခေါ်ဆိုသည့်အတိုင်းဖြစ်သောကြောင့် ထိုသို့ ခေါ်ဆိုသည်မှာ မှန်ကန်၏။
ယေရှုသည် တပည့်တော်တို့ မေးခွန်းမေးလျှောက်လိုကြောင်းကို သိတော်မူသောအခါ “ ‘မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်’ ဟု သင်တို့ကို ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆို နေကြသလော။
ကိုယ်တော်သည် အရာခပ်သိမ်းကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော့်ကို မေးလျှောက်ရန် မလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါ၏။ ထို့ကြောင့် သခင်သည် ဘုရားသခင်ထံမှ ကြွလာကြောင်းကို အကျွန်ုပ်တို့ ယုံကြည်ကြပါ၏” ဟု လျှောက်ကြ၏။
သူသည် ညအခါ ယေရှုထံသို့ လာပြီးလျှင် “ဆရာတော်… ဘုရားသခင်အတူရှိတော်မမူလျှင် ဆရာတော်ပြုသောနိမိတ်လက္ခဏာများကို မည်သူမျှ ပြုနိုင်မည်မဟုတ်သည်ကို ထောက်၍ ဆရာတော်သည် ဘုရားသခင်ထံတော်မှ ကြွလာသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်ပြုတော်မူသော နိမိတ်လက္ခဏာများကိုထောက်ရှု၍ ဘုရားသခင်သည် ဆရာတော်နှင့်အတူရှိတော်မူသည့် သက်သေထင်ရှားပါ၏” ဟု လျှောက်လေ၏။