မြို့တစ်မြို့၊ သို့မဟုတ် ရွာတစ်ရွာသို့ ဝင်သောအခါ သင်တို့အား လက်ခံကြိုဆိုမည့်သူကို ရှာ၍ ထိုမြို့ရွာမှ မထွက်မီတိုင်အောင် သူ၏အိမ်၌သာ တည်းခိုကြလော့။
လုကာ 7:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ယေရှုထံတော်သို့ရောက်ကြသော် ယေရှုအား “တပ်မှူးသည် သခင်၏ကျေးဇူးပြုခြင်းကို ခံထိုက်သူဖြစ်ပါ၏။ Common Language Bible သခင်ယေရှုထံသို့ရောက်သောအခါခေါင်းဆောင် က ``ထိုတပ်ခွဲမှူးသည်အရှင်၏ကျေးဇူးပြုခြင်း ကိုခံထိုက်သူဖြစ်ပါ၏။- Garrad Bible ယေ ရှု ထံ ရောက် ကြ လျှင် ထို တပ် မှူး သည် အ ကျွန်ုပ် တို့ လူ မျိုး ကို ချစ်၍ အ ကျွန်ုပ် တို့ အ ဖို့ ဓ မ္မာ ရုံ ကို ဆောက် လုပ် သော ကြောင့် ကိုယ် တော့် မ စ ခြင်း ကို ခံ ထိုက် သူ ဖြစ် ပါ သည် ဟု နှိုး ဆော် တောင်း လျှောက် ကြ သ ဖြင့် ယေ ရှု လိုက် ကြွ တော် မူ၏။ Judson Bible ထိုသူတို့သည် ယေရှုထံတော်သို့ရောက်လျှင်၊ ကျေးဇူးတော်ကို ခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ယေရှုထံသို့ရောက်လာ၍ “သူ့အတွက် ထိုသို့ကိုယ်တော်ပြုပေးခြင်းကို သူခံထိုက်ပါသည်။ မြန်မာ ထိုသူတို့သည် ယေရှုထံတော်သို့ရောက်လျှင်၊ ကျေးဇူးတော်ကို ခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ၏။- |
မြို့တစ်မြို့၊ သို့မဟုတ် ရွာတစ်ရွာသို့ ဝင်သောအခါ သင်တို့အား လက်ခံကြိုဆိုမည့်သူကို ရှာ၍ ထိုမြို့ရွာမှ မထွက်မီတိုင်အောင် သူ၏အိမ်၌သာ တည်းခိုကြလော့။
ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့၏ငြိမ်းချမ်းခြင်းသည် ထိုအိမ်အပေါ် သက်ရောက်လိမ့်မည်။ မထိုက်တန်ပါက ထိုငြိမ်းချမ်းခြင်းသည် သင်တို့ထံ ပြန်လာလိမ့်မည်။
သို့သော်လည်း နောင်ဘဝတွင် သေရာမှပြန်ရှင်ခွင့်ကို ခံစားထိုက်သောသူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြမည်မဟုတ်။
ထိုတပ်မှူးသည် ယေရှု၏သတင်းတော်ကို ကြားသောအခါ ဂျူးလူမျိုးအကြီးအကဲတချို့ကို ကိုယ်တော်ထံတော်သို့ စေလွှတ်ကာ ကြွလာ၍ မိမိအစေခံကို ကျန်းမာစေတော်မူရန် တောင်းလျှောက်စေ၏။
သူသည် ဂျူးလူမျိုးများကို ချစ်ခင်၍ ကျွန်ုပ်တို့အတွက် ဝတ်ပြုဆောင်ကို ဆောက်လုပ်ပေးသူလည်း ဖြစ်ပါသည်” ဟူ၍ ဆိုလျက် ထိုအစေခံအား ကျန်းမာစေတော်မူရန် အနူးအညွတ်မေတ္တာရပ်ခံကြ၏။
သူနှင့်တကွ မိသားစုဝင်များသည် ဘုရားသခင်အား ကြောက်ရွံ့၍ ဘုရားတရားကိုင်းရှိုင်းသူလည်းဖြစ်၏။ တစ်ပါးသူတို့အား အလှူအတန်းရက်ရောပြီး ဘုရားသခင်ထံ စဉ်ဆက်မပြတ်ဆုတောင်းသောသူလည်း ဖြစ်၏။
သို့ရာတွင် သာဒိမြို့၌ မိမိတို့အဝတ်ကို မညစ်ညူးစေသောသူတချို့ ရှိကြသေး၏။ သူတို့သည် ထိုက်တန်သောသူများဖြစ်သောကြောင့် ဖြူသောအဝတ်ကို ဝတ်ဆင်လျက် ငါနှင့်အတူ သွားလာကြလိမ့်မည်။