အသီးအားဖြင့် အပင်အမျိုးအစားကို သိရ၏။ အသီးကောင်းလျှင် အပင်ကောင်း၏။ အသီးမကောင်းလျှင် အပင်သည်လည်း ကောင်းမည်မဟုတ်။
လုကာ 6:44 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသီးအားဖြင့် အပင်အကြောင်းကို သိရ၏။ အဘယ်ကြောင့်ဆိုသော် သဖန်းသီးကို ဆူးပင်မှ မဆွတ်ခူးနိုင်။ စပျစ်သီးကို ဆူးခြုံမှ မဆွတ်ခူးနိုင်။ Common Language Bible အသီးကိုထောက်၍အပင်အကြောင်းကိုသိရ ၏။ သင်္ဘောသဖန်းသီးကိုဆူးပင်မှလည်းကောင်း၊ စပျစ်သီးကိုဆူးချုံမှလည်းကောင်းလူတို့ မဆွတ်မခူးနိုင်ကြ။- Garrad Bible အ သီး ကို ထောက်၍ အ ပင် တိုင်း ကို သိ ရ သည့် အ လျောက် ဆူး ပင် တွင် သ ဖန်း သီး၊ ပေါင်း ပင် တွင် စ ပျစ် သီး ကို မ ဆွတ် ခူး တတ်။ Judson Bible အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။- မြန်မာ့စံမီသမ္မာကျမ်း အပင်တိုင်းကို ၎င်း၏အသီးအားဖြင့် သိရ၏။ အကြောင်းမူကား ဆူးပင်မှ သဖန်းသီးကိုဆွတ်ခူး၍မရနိုင်။ ချုံပုတ်မှလည်း စပျစ်သီးကိုမစုသိမ်းနိုင်။ မြန်မာ အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။- |
အသီးအားဖြင့် အပင်အမျိုးအစားကို သိရ၏။ အသီးကောင်းလျှင် အပင်ကောင်း၏။ အသီးမကောင်းလျှင် အပင်သည်လည်း ကောင်းမည်မဟုတ်။
သင်တို့သည် ထိုသူတို့၏ ပြုမူပုံကို ထောက်ရှု၍ သူတို့သည် ပရောဖက်အတုအယောင်များဖြစ်ကြောင်းကို သိနိုင်၏။ ဆူးပင်မှ စပျစ်သီးကို ဆွတ်ခူးနိုင်သလော။ ဆူးချုံမှ သဖန်းသီးကို ဆွတ်ခူးနိုင်သလော။
အသီးကိုကြည့်၍ အပင်အကြောင်းကို သိနိုင်သကဲ့သို့ လူတို့၏ပြုမူပုံကို ထောက်ရှု၍ ထိုသူတို့၏ အကြောင်းကို သိနိုင်၏။
ညီအစ်ကိုမောင်နှမတို့… သဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်နွယ်ပင်သည် သဖန်းသီးကို သီးနိုင်သလော။ ရေငန်စမ်းသည်လည်း ရေချိုကို မထွက်စေနိုင်ပါ။
သူတို့သည် သင်တို့၏ ချစ်ခြင်းမေတ္တာပွဲတွင် သင်တို့နှင့်အတူ စားသောက်သောအခါ မရှက်ကြောက်ဘဲ ကိုယ့်အဖို့သာ ဂရုစိုက်၍ ပွဲ၌ အန္တရာယ်ရှိသောငုတ်ချွန်များ ဖြစ်ကြ၏။ သူတို့သည် လေတိုက်၍ လွင့်သည့် မိုးရေမပါသော တိမ်များနှင့်တူ၏။ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါပြန်သေရသော အသီးမသီးသည့်ဆောင်းဦးသစ်ပင်နှင့်တူ၏။