Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:44 - မြန်မာ

44 အ​သီး​ကို​ထောက်၍ အ​ပင်​သ​ဘော​ကို​သိ​ရ၏။ ဆူး​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို မ​ဆွတ်​တတ်။ တော​ချုံ​၌ စ​ပျစ်​သီး​ကို မ​ဆွတ်​တတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

44 အ​သီး​ကို​ထောက်​၍​အ​ပင်​အ​ကြောင်း​ကို​သိ​ရ ၏။ သင်္ဘော​သ​ဖန်း​သီး​ကို​ဆူး​ပင်​မှ​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို​ဆူး​ချုံ​မှ​လည်း​ကောင်း​လူ​တို့ မ​ဆွတ်​မ​ခူး​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

44 အ သီး ကို ထောက်၍ အ ပင် တိုင်း ကို သိ ရ သည့် အ လျောက် ဆူး ပင် တွင် သ ဖန်း သီး၊ ပေါင်း ပင် တွင် စ ပျစ် သီး ကို မ ဆွတ် ခူး တတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

44 အ​သီး​ကို​ထောက်၍ အ​ပင်​သ​ဘော​ကို​သိ​ရ၏။ ဆူး​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို မ​ဆွတ်​တတ်။ တော​ချုံ​၌ စ​ပျစ်​သီး​ကို မ​ဆွတ်​တတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

44 အပင်​တိုင်း​ကို ၎င်း​၏​အသီး​အားဖြင့် သိ​ရ​၏။ အကြောင်းမူကား ဆူးပင်​မှ သဖန်းသီး​ကို​ဆွတ်ခူး​၍​မ​ရ​နိုင်။ ချုံပုတ်​မှ​လည်း စပျစ်သီး​ကို​မ​စုသိမ်း​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

44 အသီး​အားဖြင့် အပင်​အကြောင်း​ကို သိရ၏။ အဘယ်ကြောင့်ဆိုသော် သဖန်းသီး​ကို ဆူးပင်​မှ မဆွတ်ခူးနိုင်။ စပျစ်သီး​ကို ဆူးခြုံ​မှ မဆွတ်ခူးနိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:44
7 ပူးပေါင်းရင်းမြစ်များ  

အ​သီး​အား​ဖြင့် အ​ပင်၏​သ​ဘော ထင်​ရှား​သည်​ဖြစ်၍၊ အ​သီး​ကောင်း​လျှင် အ​ပင်​ကောင်း​သည်​ဟု ဆို​ကြ​လော့။ အ​သီး​မ​ကောင်း​လျှင် အ​ပင်​မ​ကောင်း​ဟု ဆို​ကြ​လော့။-


ထို​သူ​တို့၏​အ​ကျင့်​ကို ထောက်၍ သူ​တို့၏​သ​ဘော​ကို သိ​ကြ​လိမ့်​မည်။ ဆူး​ပင်၌ စ​ပျစ်​သီး​ကို ဆွတ်​တတ်​သ​လော။ ဆူး​လေ​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို ဆွတ်​တတ်​သ​လော။-


သို့​ဖြစ်​လျှင် ထို​ပ​ရော​ဖက်​တို့၏ အ​ကျင့်​ကို​ထောက်​သော် သူ​တို့၏ သ​ဘော​ကို သိ​ရ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ