လုကာ 6:44 - ခေတ်သစ်မြန်မာ သမ္မာကျမ်း44 အသီးအားဖြင့် အပင်အကြောင်းကို သိရ၏။ အဘယ်ကြောင့်ဆိုသော် သဖန်းသီးကို ဆူးပင်မှ မဆွတ်ခူးနိုင်။ စပျစ်သီးကို ဆူးခြုံမှ မဆွတ်ခူးနိုင်။ အခန်းကိုကြည့်ပါ။Common Language Bible44 အသီးကိုထောက်၍အပင်အကြောင်းကိုသိရ ၏။ သင်္ဘောသဖန်းသီးကိုဆူးပင်မှလည်းကောင်း၊ စပျစ်သီးကိုဆူးချုံမှလည်းကောင်းလူတို့ မဆွတ်မခူးနိုင်ကြ။- အခန်းကိုကြည့်ပါ။Garrad Bible44 အ သီး ကို ထောက်၍ အ ပင် တိုင်း ကို သိ ရ သည့် အ လျောက် ဆူး ပင် တွင် သ ဖန်း သီး၊ ပေါင်း ပင် တွင် စ ပျစ် သီး ကို မ ဆွတ် ခူး တတ်။ အခန်းကိုကြည့်ပါ။Judson Bible44 အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း44 အပင်တိုင်းကို ၎င်း၏အသီးအားဖြင့် သိရ၏။ အကြောင်းမူကား ဆူးပင်မှ သဖန်းသီးကိုဆွတ်ခူး၍မရနိုင်။ ချုံပုတ်မှလည်း စပျစ်သီးကိုမစုသိမ်းနိုင်။ အခန်းကိုကြည့်ပါ။မြန်မာ44 အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။- အခန်းကိုကြည့်ပါ။ |
သူတို့သည် သင်တို့၏ ချစ်ခြင်းမေတ္တာပွဲတွင် သင်တို့နှင့်အတူ စားသောက်သောအခါ မရှက်ကြောက်ဘဲ ကိုယ့်အဖို့သာ ဂရုစိုက်၍ ပွဲ၌ အန္တရာယ်ရှိသောငုတ်ချွန်များ ဖြစ်ကြ၏။ သူတို့သည် လေတိုက်၍ လွင့်သည့် မိုးရေမပါသော တိမ်များနှင့်တူ၏။ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါပြန်သေရသော အသီးမသီးသည့်ဆောင်းဦးသစ်ပင်နှင့်တူ၏။