လုကာ 4:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှု၏သတင်းတော်သည် ပတ်ဝန်းကျင်အရပ်ရပ်သို့ ပျံ့နှံ့သွားလေ၏။ Common Language Bible ကိုယ်တော်၏သတင်းတော်သည်ပတ်ဝန်းကျင် ဒေသတွင်ပျံ့နှံ့သွားတော့၏။ Garrad Bible ကိုယ် တော့် အ ကြောင်း သ တင်း သည် ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ကြေ ငြာ၏။ Judson Bible သတင်းတော်သည်လည်း၊ ပတ်ဝန်းကျင်အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်၏သတင်းသည် ပတ်ဝန်းကျင်ရှိ ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။ မြန်မာ သတင်းတော်သည်လည်း၊ ပတ်ဝန်းကျင်အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။ |
သို့သော်လည်း သူတို့သည် ထွက်သွား၍ ယေရှု၏သတင်းတော်ကို ထိုနယ်တစ်ခွင်လုံး၌ ပျံ့နှံ့စေကြ၏။
ထို့နောက် ကိုယ်တော်၏သတင်းတော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။
သို့သော်လည်း ထိုသူသည် သွား၍ ထိုသတင်းကို နေရာအနှံ့ပြောလျက် ပျံ့နှံ့စေ၏။ ထို့ကြောင့် ယေရှုသည် မြို့ထဲသို့ ထင်ရှားစွာ မဝင်နိုင်တော့ဘဲ မြို့ပြင် လူသူကင်းဝေးသောအရပ်တို့တွင်သာ နေတော်မူ၏။ ထိုအခါ နေရာအသီးသီးမှ လူတို့သည် ကိုယ်တော်ထံသို့ ရောက်လာကြ၏။
ယေရှု၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းကြားလေ၏။ လူတချို့က “ဤသူသည် သေရာမှပြန်ရှင်လာသော နှစ်ခြင်းဆရာယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
ထို့နောက် ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ပြည့်ဝလျက်ဂါလိလဲပြည်သို့ ပြန်ကြွတော်မူ၏။ ယေရှု၏သတင်းတော်သည်လည်း ထိုအရပ်ဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွား၏။