အာဗြဟံနှင့် ဒါဝိဒ်မင်းတို့ထံမှ ဆင်းသက်တော်မူသော ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။
လုကာ 3:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် အမှုတော်လုပ်ငန်းကို စတင်သောအချိန်တွင် အသက်တော်သုံးဆယ်ခန့်ရှိ၏။ လူတို့၏ထင်မြင်ချက်အရ ယေရှုသည် ယောသပ်၏သား ဖြစ်၏။ ယောသပ်သည် ဧလိ၏သား၊ Common Language Bible အမှုတော်စတင်ဆောင်ရွက်ချိန်၌သခင်ယေရှု သည်အသက်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့ထင် မြင်ယူဆချက်အရကိုယ်တော်သည်ယောသပ်၏ သားဖြစ်၏။ ယောသပ်သည်ဧလိ၏သားတည်း။- Garrad Bible အ မှု တော် ကို ဆောင် ရွက် စ ပြု သော ယေ ရှု သည် အ သက် တော် သုံး ဆယ် ခန့် ရှိ၏။ ကိုယ် တော် သည် လူ တို့ အ ထင် အ မြင် အ တိုင်း ယော သပ် သား ဖြစ် ၏။ Judson Bible ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှ ရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏အဘကား ယောသပ်တည်း။ ယောသပ်အဘ ဧလိ၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် အမှုတော်စတင်ဆောင်ရွက်သောအခါ သက်တော်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့၏ထင်မြင်ချက်အရ ကိုယ်တော်သည် ယောသပ်၏သားဖြစ်၏။ ယောသပ်သည် ဧလိ၏သား၊ မြန်မာ ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှ ရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏အဘကား ယောသပ်တည်း။ ယောသပ်အဘ ဧလိ၊- |
အာဗြဟံနှင့် ဒါဝိဒ်မင်းတို့ထံမှ ဆင်းသက်တော်မူသော ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။
ယာကုပ်၏သားသည် မာရိ၏ခင်ပွန်း ယောသပ်ဖြစ်၏။ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေရှု၏ မယ်တော်ဖြစ်၏။
ယေရှဲသား ဒါဝိဒ်မင်းဖြစ်၏။ ဒါဝိဒ်မင်းနှင့် ဥရိယ၏ဇနီး ဗာသရှေဘတို့၏သား ရှောလမုန်ဖြစ်၏။
သူသည် လက်သမား၏သား မဟုတ်လော။ သူ၏မိခင်သည် မာရိမဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့် ယုဒတို့သည် သူ၏ညီများဖြစ်ကြသည် မဟုတ်လော။
ထိုအချိန်မှစ၍ ယေရှုက “ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် နောင်တရကြလော့” ဟု စတင်ဟောပြောတော်မူ၏။
သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒနှင့် ရှိမုန်တို့၏အစ်ကို မဟုတ်လော။ သူ၏ နှမတို့သည်လည်း ငါတို့နှင့် တစ်ရပ်တည်းသားများပင် မဟုတ်လော” ဟု ပြောဆို၍ ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကာ မယုံကြည်ဘဲနေကြ၏။
မိဘတို့သည် ယေရှုကို တွေ့သောအခါ အံ့အားသင့်၍ မိခင်က “ငါ့သား… သင်သည် အဘယ်ကြောင့် ငါတို့ကို ဤသို့ ပြုရသနည်း။ ငါနှင့် သား၏ဖခင်သည် သားကို အလွန်စိတ်ပူ၍ နေရာအနှံ့လိုက်ရှာခဲ့ရ၏” ဟု ပြောလေ၏။
ဧလျာကိမ်သည် မေလေ၏သား၊ မေလေသည် မဲနန်၏သား၊ မဲနန်သည် မတ္တသ၏သား၊ မတ္တသသည် နာသန်၏သား၊ နာသန်သည် ဒါဝိဒ်၏သား၊
လူအပေါင်းတို့သည် ယေရှုကို ချီးကျူး၍ ချိုသာသောစကားတော်တို့ကို အံ့ဩလျက် “ဤသူသည် ယောသပ်၏သား မဟုတ်လော” ဟူ၍ မေးကြ၏။
ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင် “မောရှေ၏ ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများ၌ ရေးသားဖော်ပြထားသောသူကို ငါတို့တွေ့ပြီ။ ထိုသူသည် ယောသပ်၏သား၊ နာဇရက်မြို့တွင် နေထိုင်သောယေရှုဖြစ်၏” ဟု ပြော၏။
“ဤသူသည် ယောသပ်၏ သား ယေရှုမဟုတ်လော။ သူ၏ မိဘတို့ကို ငါတို့သိသည် မဟုတ်လော။ သို့ဖြစ်ပါလျက် သူက ‘ငါသည် ကောင်းကင်မှ ဆင်းသက်လာ၏’ ဟု အဘယ်ကြောင့် ဆိုသနည်း” ဟု မကျေမနပ်ပြောဆိုကြ၏။
အို သော်ဖိလု… သခင်ယေရှု၏ အမှုတော်ဆောင်ရွက်ခြင်းနှင့် သွန်သင်ခြင်းတို့ကို အစပြုတော်မူသည့်အချိန်မှစ၍ ရွေးချယ်တော်မူခြင်းခံရသည့်တမန်တော်တို့အား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ညွှန်ကြားတော်မူပြီးနောက် အထက်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံတော်မူသည့်နေ့အထိ ဖြစ်ပျက်သော အကြောင်းအရာများကို ပထမစာစောင်တွင် ကျွန်ုပ်ရေးသားခဲ့ပြီ။