Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 1:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1-2 အို သော်ဖိလု… သခင်​ယေရှု​၏ အမှုတော်​ဆောင်ရွက်ခြင်း​နှင့် သွန်သင်ခြင်းတို့​ကို အစပြုတော်မူသည့်​အချိန်​မှစ၍ ရွေးချယ်တော်မူခြင်း​ခံရသည့်​တမန်တော်တို့​အား သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ညွှန်ကြားတော်မူ​ပြီးနောက် အထက်​ကောင်းကင်ဘုံ​သို့ ဆောင်ယူခြင်း​ခံတော်မူသည့်​နေ့​အထိ ဖြစ်ပျက်သော အကြောင်းအရာများ​ကို ပထမ​စာစောင်​တွင် ကျွန်ုပ်​ရေးသားခဲ့ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1-2 အို သော်​ဖိ​လု၊ သ​ခင်​ယေ​ရှု​သည်​အ​မှု​တော်​ကို​စ​တင်​ဆောင်​ရွက် သည့်​နေ့​မှ​အ​စ​ပြု​၍ ကောင်း​ကင်​ဘုံ​သို့​ဆောင် ယူ​ခြင်း​ကို​ခံ​တော်​မူ​သည့်​နေ့​တိုင်​အောင် ပြု​မူ သွန်​သင်​တော်​မူ​သ​မျှ​တို့​ကို​ကျွန်ုပ်​၏​ပ​ထ​မ စာ​စောင်​တွင်​ရေး​သား​ဖော်​ပြ​ခဲ့​ပါ​ပြီ။ ကိုယ် တော်​သည်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း ကို​ခံ​တော်​မ​မူ​မီ ရွေး​ကောက်​ထား​တော် မူ​သော​တ​မန်​တော်​တို့​အား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့်​ညွှန်​ကြား တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-2 ယေ ရှု သည် ရွေး ကောက် တော် မူ သော တ မန် တော် တို့ အား သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် အ မိန့် ပ ညတ် ပေး သည့် အ ဆုံး ၌ ချီ ဆောင် ခြင်း ကို ခံ တော် မူ သည့် နေ့ တိုင် အောင် ပြု မူ ဟော ပြော တော် မူ သ မျှ နှင့် စပ် ၍ အ ထက် ကျမ်း ကို ငါ ရေး တင် ခဲ့ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အို သော်​ဖိ​လု၊ ယေ​ရှု​သည် ရွေး​ကောက်​တော်​မူ​သော တ​မန်​တော်​တို့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် မှာ​ထား​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အို သော်ဖိလု၊ ယေရှု​သည် အမှု​တော်​ဆောင်ရွက်​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​ကို အစပြု​တော်မူ​သည့်​အချိန်​မှစ၍

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 1:1
12 ပူးပေါင်းရင်းမြစ်များ  

မျက်မမြင်တို့​သည် မျက်စိ​မြင်ကြပြီ။ ခြေမသန်သူတို့​သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့​သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့​သည် ကြားကြပြီ။ သေဆုံးသော​သူတို့​သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့​သည်လည်း သတင်းကောင်း​ကို ကြားကြရပြီ။


ရက်​အနည်းငယ်​ကြာ​သော် သူ​၏​ဇနီး ဧလိရှဗက်​သည် ကိုယ်ဝန်ဆောင်​၍ ငါးလ​တိုင်တိုင် အိမ်တွင်းအောင်း​လျက်​နေ၏။


ကျွန်ုပ်​သည် ထို​အကြောင်းအရာ​အားလုံး​ကို အစ​မှ သေချာ​စွာ စစ်ဆေးပြီးသည်​နှင့် သင့်​အတွက် စီစဉ်​တကျ​ရေးသား​လျှင် ကောင်းမည်​ဟု ယူဆမိပါ၏။


အစေအပါး​သည် ထိုသို့​ဆောင်ရွက်ပြီး​နောက် သူက ‘သခင်… နေရာလွတ်များ ကျန်ရှိနေသေးသည်’ ဟု ပြန်ပြော၏။


ထိုအခါ ယေရှု​က “မည်သည့်​အကြောင်းအရာများ ဖြစ်သနည်း” ဟု မေးတော်မူ၏။ ထို​သူတို့​က “နာဇရက်မြို့သား​ယေရှု​ဆိုသော​သူ​၏​အကြောင်းအရာများ​ဖြစ်၏။ ထို​သူ​သည် ဘုရား​ရှေ့၊ လူ​ရှေ့​တွင် အံ့ဖွယ်တန်ခိုး​လက္ခဏာ​ကို​ပြု​၍ နှုတ်သတ္တိ​ရှိသော ပရောဖက်​တစ်ပါး​ဖြစ်၏။


ယေရှု​သည် အမှုတော်​လုပ်ငန်း​ကို စတင်သော​အချိန်​တွင် အသက်တော်​သုံးဆယ်​ခန့်​ရှိ၏။ လူတို့​၏​ထင်မြင်ချက်​အရ ယေရှု​သည် ယောသပ်​၏​သား ဖြစ်၏။ ယောသပ်​သည် ဧလိ​၏​သား၊


အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့​ကိုယ်တိုင် သိကြသည့်​အတိုင်း ဘုရားသခင်​သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်​ဖြစ်ရပ်​နှင့် နိမိတ်​လက္ခဏာများ​ကို နာဇရက်မြို့သား ယေရှု​အားဖြင့် ပြတော်မူခဲ့ပြီ။ ဤ​အရာများ​အားဖြင့် ယေရှု​သည် ဘုရားသခင်​၏​စေလွှတ်တော်မူခြင်း​ခံရသူ အမှန်တကယ်​ဖြစ်ကြောင်း​ကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ