မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
လုကာ 24:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဂျူးခေါင်းဆောင်များက သူ့အား သေဒဏ်ကျစေ၍ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ခဲ့ကြပြီ။ Common Language Bible ငါတို့၏ယဇ်ပုရောဟိတ်ကြီးများနှင့်အကြီး အကဲများသည်သူ့အားသေဒဏ်စီရင်ရန် ပိလတ်မင်း၏လက်သို့အပ်နှံခဲ့ကြ၏။ လက် ဝါးကပ်တိုင်မှာတင်၍သတ်ခဲ့ကြပါ၏။- Garrad Bible ထို သူ့ ကို သေ ဒဏ် ခံ ရန် အ ကျွန်ုပ် တို့၏ ပ ရော ဟိတ် ကြီး တို့ နှင့် အ ရာ ရှိ တို့ ပို့ အပ် ပြီး လျှင် ကား တင် ကြ သည့် အ ကြောင်း များ တည်း။ Judson Bible ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ငါတို့ကိုအုပ်ချုပ်သူများသည် သူ့ကိုသေဒဏ်စီရင်ရန်အပ်နှံ၍ လက်ဝါးကပ်တိုင်ပေါ်၌ တင်ခဲ့ကြ၏။ မြန်မာ ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။- |
မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
ထိုအချိန်တွင် ဗာရဗ္ဗကို လွှတ်ပေး၍ ယေရှုကို သေဒဏ်ချမှတ်စေမည့်အကြောင်း တောင်းဆိုရန် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် လူထုအား တိုက်တွန်းသွေးဆောင်ကြ၏။
နံနက်စောစောအချိန်တွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များသည် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် တရားလွှတ်တော်မှ အဖွဲ့ဝင်များအားလုံးနှင့်အတူ တွေ့ဆုံ၍ ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စအတွက် တိုင်ပင်ဆွေးနွေးကြ၏။ ထို့နောက် ယေရှုကို ချည်နှောင်၍ ရောမဘုရင်ခံပိလတ်မင်းထံသို့ ခေါ်ဆောင်သွားကြ၏။
မိုးလင်းချိန်တွင် လူထုအကြီးအကဲများဖြစ်သော ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် စုဝေးကြ၍ ယေရှုကို သူတို့၏တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။
ပိလတ်မင်းက ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ဂျူးခေါင်းဆောင်များနှင့် ပြည်သူလူထုတို့ကို ဆင့်ခေါ်၍
ဘုရားသခင်၏တိကျသောအကြံအစည်တော်အားဖြင့်လည်းကောင်း၊ ကြိုတင်သိမြင်သောဉာဏ်တော်အားဖြင့်လည်းကောင်း သင်တို့လက်၌ အပ်နှံခံရသောဤယေရှုကို သင်တို့သည် တရားမဲ့သောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။
ဂျူးလူမျိုးတို့သည် သခင်ယေရှုနှင့် ပရောဖက်များကို သတ်၍ ကျွန်ုပ်တို့ကိုလည်း နှင်ထုတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို မနှစ်မသက် ဖြစ်စေလျက် လူအပေါင်းကို ဆန့်ကျင်ကြ၏။