လုကာ 23:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ဟေရုဒ်စီရင်ပိုင်သောနယ်မြေ၏ပြည်သားဖြစ်ကြောင်း သိရသောအခါ ပိလတ်မင်းသည် ကိုယ်တော်ကို ဟေရုဒ်ထံသို့ ပို့လိုက်၏။ ထိုအချိန်တွင် ဟေရုဒ်သည် ဂျေရုဆလင်မြို့တွင် ရှိလေ၏။ Common Language Bible ဟေရုဒ်အုပ်စိုးသောဂါလိလဲပြည်သားဖြစ် ကြောင်းကိုသိလျှင် ကိုယ်တော်အားဟေရုဒ်မင်း ထံသို့ပို့၏။ ထိုအချိန်အခါသည်ဟေရုဒ်မင်း ယေရုရှလင်မြို့မှာရောက်ရှိနေသည့်အချိန် ဖြစ်သတည်း။- Garrad Bible ဟေ ရုဒ် မင်း ပိုင် နယ် မှ ဖြစ် ကြောင်း သိ လျှင် ထို နေ့ ရက် ကာ လ ယေ ရု ရှ လင် မြို့ တွင် တည်း နေ သော ဟေ ရုဒ် မင်း ထံ လွှဲ အပ် လိုက် ၏။ Judson Bible ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဟေရုဒ်အုပ်စိုးသည့်နယ်မှဖြစ်ကြောင်း သိသောအခါ ကိုယ်တော်ကို ဟေရုဒ်ထံသို့ပို့လိုက်၏။ ထိုအချိန်တွင် ဟေရုဒ်သည်လည်း ဂျေရုဆလင်မြို့၌ရောက်ရှိနေ၏။ မြန်မာ ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။ |
ယခင်က ဟေရုဒ်မင်းသည် ညီဖြစ်သူ ဖိလိပ္ပု၏ဇနီးဟေရောဒိကို သိမ်းယူသောကြောင့် ယောဟန်က “ဟေရောဒိကို အရှင်မင်းကြီးသိမ်းယူခြင်းသည် ဘုရားသခင်၏ ပညတ်တော်နှင့်မညီ” ဟူ၍ ဖော်ပြဆုံးမခဲ့၏။ ထို့ကြောင့် ဟေရုဒ်မင်းသည် ယောဟန်ကိုဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲသို့ ထည့်ထားခဲ့၏။
ထို့နောက် ဟေရုဒ်မင်း၏ မွေးနေ့ပွဲတွင် ဟေရောဒိ၏ သမီးသည် ဧည့်သည်တော်များရှေ့၌ ကပြဖျော်ဖြေရာ ဟေရုဒ်မင်းသည် အလွန်နှစ်သက်လေ၏။
ယေရှု၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းကြားလေ၏။ လူတချို့က “ဤသူသည် သေရာမှပြန်ရှင်လာသော နှစ်ခြင်းဆရာယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
ထိုအချိန်တွင် ဖာရိရှဲတချို့သည် ယေရှုထံတော်သို့ လာ၍ “ဤနေရာမှ ထွက်သွားပါလော့။ ဟေရုဒ်သည် သင့်ကို သတ်ရန် ကြံစည်လျက်ရှိသည်” ဟု လျှောက်ကြ၏။
ရောမဘုရင် တိဗေရိဆီဇာ နန်းစံနှစ် ဆယ့်ငါးနှစ်တွင် ပုန္တိပိလတ်မင်းသည် ယုဒပြည်၏ဘုရင်ခံ ဖြစ်၏။ ဂါလိလဲပြည်တွင် ဟေရုဒ်၊ ဣကုရဲပြည်နှင့် တရားခေါနိတ်ပြည်တွင် ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင် လုသာနိ စသဖြင့်အသီးသီးအုပ်ချုပ်လျက်ရှိ၏။
နယ်စားအန္တိပဟေရုဒ်သည် ယေရှုပြုတော်မူသော အခြင်းအရာအားလုံးကို ကြားသိ၍ စိတ်ရှုပ်ထွေးလျက်နေ၏။ အဘယ်ကြောင့်ဆိုသော် လူတချို့က နှစ်ခြင်းဆရာယောဟန် သေရာမှ ပြန်ရှင်သည်ဟူ၍ လည်းကောင်း၊
ဤမြို့၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်းနှင့်တကွ လူမျိုးခြားများနှင့် အစ္စရေးလူမျိုးတို့သည် အရှင်ဘိသိက်ပေးတော်မူသောသူ၊ အရှင်၏သန့်ရှင်းတော်မူသောအစေခံယေရှုကို အတူတကွစုရုံးလျက် ဧကန်အမှန် ဆန့်ကျင်ဘက်ပြုခဲ့ကြ၏။