သို့သော် လူတို့ရှေ့တွင် ငါ့ကို ငြင်းပယ်သောသူအား ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ငါသည် ငြင်းပယ်မည်။
လုကာ 22:57 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ပေတရုက “အမျိုးသမီး… ထိုသူကို ငါမသိပါ” ဟု ငြင်းလေ၏။ Common Language Bible သို့ရာတွင်ပေတရုက ``အချင်းအမျိုးသမီး၊ ထိုသူကိုငါမသိ'' ဟုငြင်းဆိုလေ၏။ Garrad Bible အ ချင်း မိန်း မ၊ ထို သူ့ ကို ငါ မ သိ ဟု ငြင်း ဆို၏။ Judson Bible ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေတရုက “အချင်းမိန်းမ၊ ထိုသူကိုငါမသိ”ဟု ငြင်းဆိုလေ၏။ မြန်မာ ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။- |
သို့သော် လူတို့ရှေ့တွင် ငါ့ကို ငြင်းပယ်သောသူအား ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ငါသည် ငြင်းပယ်မည်။
သို့သော် ပေတရုက “သင်ပြောဆိုနေသည့်အရာကို ငါမသိပါ” ဟု ထိုသူတို့အားလုံးရှေ့၌ ငြင်းဆိုလေ၏။
လူတို့ရှေ့တွင် ငါ့ကို ငြင်းပယ်သောသူအား ဘုရားသခင်၏ကောင်းကင်တမန်များရှေ့တွင် ငါသည် ငြင်းပယ်မည်။
ထိုသို့ ပေတရုသည် မီးဖိုဘေးတွင်ထိုင်နေသည်ကို အစေခံအမျိုးသမီးတစ်ဦးသည် မြင်၍ သူ့အားစူးစိုက်ကြည့်ပြီးလျှင် “ဤသူသည် ယေရှု၏နောက်လိုက်ဖြစ်၏” ဟု ဆို၏။
ခဏကြာသော် အခြားတစ်ယောက်သည် ပေတရုကိုမြင်၍ “သင်သည်လည်း ထိုသူတို့ထဲမှ တစ်ယောက်ဖြစ်သည်” ဟု ဆို၏။ သို့သော် ပေတရုကလည်း “မိတ်ဆွေ… ကျွန်ုပ်မပါပါ” ဟု ငြင်းဆိုလေ၏။
ထိုအချိန်၌ ရှိမုန်ပေတရုသည် ရပ်လျက် မီးလှုံနေစဉ် လူတို့က “သင်သည်လည်း သူ၏ တပည့်များထဲမှ တစ်ယောက်မဟုတ်လော” ဟု မေးကြ၏။ ပေတရုက “မဟုတ်ပါ” ဟု ငြင်းပြန်၏။
ထို့ကြောင့် သင်တို့၏အပြစ်များကို ဘုရားသခင် ဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။
သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏အပြစ်များကို ဖွင့်ဟဝန်ခံပါက ကိုယ်တော်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့ကို အပြစ်များမှ ဖြေလွှတ်ကာ မတရားမှုအားလုံးမှ စင်ကြယ်စေတော်မူလိမ့်မည်။