Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 22:56 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

56 ထိုသို့ ပေတရု​သည် မီးဖို​ဘေး​တွင်​ထိုင်နေသည်​ကို အစေခံ​အမျိုးသမီး​တစ်ဦး​သည် မြင်​၍ သူ့​အား​စူးစိုက်​ကြည့်ပြီး​လျှင် “ဤ​သူ​သည် ယေရှု​၏​နောက်လိုက်​ဖြစ်၏” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

56 ထို​သို့​ပေ​တ​ရု​ထိုင်​နေ​သည်​ကို​အ​စေ​ခံ​မ က​လေး​တစ်​ယောက်​မြင်​သ​ဖြင့်​ပေ​တ​ရု​အား စိုက်​ကြည့်​ပြီး​လျှင် ``ဤ​သူ​သည်​ယေ​ရှု​နှင့် အ​ပေါင်း​အ​ပါ​ဖြစ်​၏'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

56 ထို သို့ မီး ရောင် တွင် ထိုင် နေ သည် ကို ကျွန် မ တစ် ယောက် မြင် လျှင် စေ့ စေ့ ကြည့်၍ ဤ သူ လည်း ထို သူ နှင့် လိုက် ပါ သူ ဖြစ် သည် ဟု ဆို သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

56 ထို​သို့ ပေ​တ​ရု​သည် မီး​အ​နား​မှာ ထိုင်​နေ​သည်​ကို အ​စေ​အ​ပါ​မိန်း​မ​တစ်​ယောက်​သည် မြင်​လျှင်၊ သူ့​ကို စေ့​စေ့​ကြည့်၍၊ ဤ​သူ​သည် ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

56 ထိုအခါ အစေခံ​မိန်းမ​တစ်​ဦး​သည် မီးဖို​၏​အလင်း​၌​ထိုင်​နေ​သော ပေတရု​ကို​မြင်​၍ သူ့​ကို​စေ့စေ့​ကြည့်​လျက် “ဤ​သူ​သည်​လည်း ထို​သူ​၏​အပေါင်းအဖော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

56 ထို​သို့ ပေ​တ​ရု​သည် မီး​အ​နား​မှာ ထိုင်​နေ​သည်​ကို အ​စေ​အ​ပါ​မိန်း​မ​တစ်​ယောက်​သည် မြင်​လျှင်၊ သူ့​ကို စေ့​စေ့​ကြည့်၍၊ ဤ​သူ​သည် ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 22:56
8 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​တွင် ပေတရု​သည် ရုံးတော်ဝင်း​အတွင်း​၌ ထိုင်နေ​စဉ် အစေခံ​အမျိုးသမီး​တစ်ဦး​သည် အနား​သို့ လာ​၍ “သင်​သည်လည်း ယေရှု​နှင့် အတူ​ရှိခဲ့သော​ဂါလိလဲပြည်သား​ဖြစ်သည်” ဟု ဆို၏။


ညနေချမ်း​အချိန် ရောက်​သောအခါ ကိုယ်တော်​သည် တပည့်တော် ဆယ့်နှစ်ပါး​နှင့်အတူ ကြွလာတော်မူ၏။


သို့သော် ယေရှု​က “ရှိပါစေ။ ငါ့​အတွက် ကောင်းမှု​ပြုသော ဤ​အမျိုးသမီး​ကို အဘယ်ကြောင့် ဝေဖန်ကြသနည်း။


တစ်ဖန် ယေရှု​သည် ထို​သူ​၏ မျက်စိ​ပေါ်သို့ လက်တော်​ကို တင်တော်မူ၏။ ထိုအခါ သူ​သည် အကောင်း​ပကတိအတိုင်း​ပြန်ဖြစ်​၍ အရာ​အားလုံး​ကို ရှင်းလင်း​စွာ မြင်လေ၏။


လူ​တချို့​သည် ရုံးတော်ဝင်း​အလယ်​၌ မီးဖို​၍ အတူတကွ​ထိုင်နေကြ၏။ ပေတရု​သည်လည်း သူတို့​အကြား​တွင် ထိုင်လေ၏။


သို့သော် ပေတရု​က “အမျိုးသမီး… ထို​သူ​ကို ငါ​မသိပါ” ဟု ငြင်းလေ၏။


အမျိုးသမီး​က ပေတရု​အား “သင်​သည် ထို​သူ​၏​တပည့်များ​ထဲမှ​တစ်ယောက် မဟုတ်လော” ဟု မေး​လျှင် ပေတရု​က “မဟုတ်ပါ” ဟု ငြင်းလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ