ထိုအချိန်တွင် ပေတရုသည် ရုံးတော်ဝင်းအတွင်း၌ ထိုင်နေစဉ် အစေခံအမျိုးသမီးတစ်ဦးသည် အနားသို့ လာ၍ “သင်သည်လည်း ယေရှုနှင့် အတူရှိခဲ့သောဂါလိလဲပြည်သားဖြစ်သည်” ဟု ဆို၏။
လုကာ 22:56 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ပေတရုသည် မီးဖိုဘေးတွင်ထိုင်နေသည်ကို အစေခံအမျိုးသမီးတစ်ဦးသည် မြင်၍ သူ့အားစူးစိုက်ကြည့်ပြီးလျှင် “ဤသူသည် ယေရှု၏နောက်လိုက်ဖြစ်၏” ဟု ဆို၏။ Common Language Bible ထိုသို့ပေတရုထိုင်နေသည်ကိုအစေခံမ ကလေးတစ်ယောက်မြင်သဖြင့်ပေတရုအား စိုက်ကြည့်ပြီးလျှင် ``ဤသူသည်ယေရှုနှင့် အပေါင်းအပါဖြစ်၏'' ဟုဆို၏။ Garrad Bible ထို သို့ မီး ရောင် တွင် ထိုင် နေ သည် ကို ကျွန် မ တစ် ယောက် မြင် လျှင် စေ့ စေ့ ကြည့်၍ ဤ သူ လည်း ထို သူ နှင့် လိုက် ပါ သူ ဖြစ် သည် ဟု ဆို သော်၊ Judson Bible ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါမိန်းမတစ်ယောက်သည် မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုသော်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစေခံမိန်းမတစ်ဦးသည် မီးဖို၏အလင်း၌ထိုင်နေသော ပေတရုကိုမြင်၍ သူ့ကိုစေ့စေ့ကြည့်လျက် “ဤသူသည်လည်း ထိုသူ၏အပေါင်းအဖော်ဖြစ်သည်”ဟု ဆိုလေ၏။ မြန်မာ ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါမိန်းမတစ်ယောက်သည် မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုသော်၊- |
ထိုအချိန်တွင် ပေတရုသည် ရုံးတော်ဝင်းအတွင်း၌ ထိုင်နေစဉ် အစေခံအမျိုးသမီးတစ်ဦးသည် အနားသို့ လာ၍ “သင်သည်လည်း ယေရှုနှင့် အတူရှိခဲ့သောဂါလိလဲပြည်သားဖြစ်သည်” ဟု ဆို၏။
ညနေချမ်းအချိန် ရောက်သောအခါ ကိုယ်တော်သည် တပည့်တော် ဆယ့်နှစ်ပါးနှင့်အတူ ကြွလာတော်မူ၏။
သို့သော် ယေရှုက “ရှိပါစေ။ ငါ့အတွက် ကောင်းမှုပြုသော ဤအမျိုးသမီးကို အဘယ်ကြောင့် ဝေဖန်ကြသနည်း။
တစ်ဖန် ယေရှုသည် ထိုသူ၏ မျက်စိပေါ်သို့ လက်တော်ကို တင်တော်မူ၏။ ထိုအခါ သူသည် အကောင်းပကတိအတိုင်းပြန်ဖြစ်၍ အရာအားလုံးကို ရှင်းလင်းစွာ မြင်လေ၏။
လူတချို့သည် ရုံးတော်ဝင်းအလယ်၌ မီးဖို၍ အတူတကွထိုင်နေကြ၏။ ပေတရုသည်လည်း သူတို့အကြားတွင် ထိုင်လေ၏။
အမျိုးသမီးက ပေတရုအား “သင်သည် ထိုသူ၏တပည့်များထဲမှတစ်ယောက် မဟုတ်လော” ဟု မေးလျှင် ပေတရုက “မဟုတ်ပါ” ဟု ငြင်းလေ၏။