ဓားပြနှစ်ဦးကိုလည်း ယေရှုနှင့်အတူ လက်ယာတော်ဘက်တွင် တစ်ဦး၊ လက်ဝဲတော်ဘက်တွင် တစ်ဦး လက်ဝါးကပ်တိုင်တွင် ရိုက်ထားကြ၏။
လုကာ 22:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ ‘သူသည် ရာဇဝတ်ကျူးလွန်သူများ စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ ဟူသော ကျမ်းစကားသည် ငါ၌ဖြစ်ပျက်လာရမည်။ အဘယ်ကြောင့်ဆိုသော် ငါ့အားရည်ညွှန်းသည့်အရာသည် ဖြစ်ပျက်လျက်ရှိနေသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့အားငါဆိုသည်ကား `ထိုသူသည်ရာဇဝတ် မှုကူးလွန်သူများစာရင်းတွင်ပါဝင်ရ၏' ဟူ သောကျမ်းစကားအတိုင်းငါ၌ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော်ငါ၏အကြောင်းရေး သားထားသည့်ကျမ်းစကားအရဖြစ်ပျက် လျက်ရှိနေသောကြောင့်တည်း'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ ဆို သည် မှာ ငါ နှင့် စပ် လျဉ်း သော အ ချက် ချက် ပြီး စီး ရ မည့် အ လျောက် မ တ ရား သူ တို့ စာ ရင်း သွင်း ပြီ ဟူ သော ကျမ်း ချက် လည်း ငါ၌ ပြည့် စုံ ရ မည် ဟု မိန့် တော် မူ လျှင်၊ Judson Bible အကြောင်းမူကား၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာချက်သည် ငါ၌ ယခုပင် ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါဆိုသည်ကား ‘သူသည် တရားမဲ့သောသူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ဟု ရေးထားသောအရာသည် ငါ၌ပြည့်စုံရမည်။ အမှန်စင်စစ် ငါနှင့်ပတ်သက်သောအရာသည် ဆုံးခန်းသို့ရောက်နေပြီ”ဟု မိန့်တော်မူ၏။ မြန်မာ အကြောင်းမူကား၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာချက်သည် ငါ၌ ယခုပင် ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ၏။- |
ဓားပြနှစ်ဦးကိုလည်း ယေရှုနှင့်အတူ လက်ယာတော်ဘက်တွင် တစ်ဦး၊ လက်ဝဲတော်ဘက်တွင် တစ်ဦး လက်ဝါးကပ်တိုင်တွင် ရိုက်ထားကြ၏။
သို့ဖြစ်၍ “သူသည် ရာဇဝတ်မှု ကျူးလွန်သူများစာရင်းတွင် ထည့်သွင်းခြင်းခံရ၏” ဟူသော ကျမ်းချက်အတိုင်း ဖြစ်လာလေ၏။
ထို့နောက် ကိုယ်တော်သည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်၍ “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားလျက်ရှိ၏။ ထိုမြို့တွင် လူသား၏အကြောင်းနှင့်ပတ်သက်၍ ပရောဖက်တို့၏ကြိုတင်ဟောပြောချက်ရှိသမျှတို့သည် ဖြစ်ပျက်လိမ့်မည်။
သတ်မှတ်ထားသည့်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကိုသစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုက “သို့သော် ယခုတွင်မူ ပိုက်ဆံအိတ်ရှိလျှင် ယူခဲ့လော့။ ခရီးဆောင်အိတ်ရှိလျှင်လည်း ယူခဲ့လော့။ ဓားမရှိသောသူသည် မိမိအဝတ်ကို ရောင်း၍ ဓားတစ်လက်ဝယ်ယူလော့။
ထို့နောက် ယေရှုသည် မိမိအားဖမ်းဆီးရန် ရောက်ရှိလာသော ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ဗိမာန်တော်အစောင့်များ၏ခေါင်းဆောင်များနှင့် အကြီးအကဲများအား “ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကိုဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။
လူတို့သည် အခြားသော ရာဇဝတ်သားနှစ်ဦးကိုလည်း ကိုယ်တော်နှင့်အတူ သေဒဏ်ပေးရန် ခေါ်ဆောင်သွားကြ၏။
ထို့နောက် ယေရှုသည် မောရှေ၏ကျမ်းများမှစ၍ ပရောဖက်ကျမ်းများထဲမှ မိမိနှင့်ပတ်သက်သောကျမ်းပိုဒ်များ၏အနက်အဓိပ္ပာယ်တို့ကိုရှင်းပြတော်မူ၏။
ကျမ်းစာတော်ကို မပယ်ဖျက်နိုင်ကြောင်းကို သင်တို့သိကြ၏။ ထို့ကြောင့် ဘုရားသခင်က မိမိ၏ နှုတ်ကပတ်တော်ကို လက်ခံရရှိသောသူတို့ကို ဘုရားများဟု ခေါ်ဆိုတော်မူလျှင်
အကျွန်ုပ်သည် ကိုယ်တော်မှာကြားတော်မူသမျှတို့ကို ပြီးမြောက်စေ၍ ဤလောကတွင် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေပါပြီ။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
“သစ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံရသောသူတိုင်း ကျိန်စာသင့်သူဖြစ်၏” ဟု ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ကျိန်စာသင့်သူအဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့ကို ပညတ်တရား၏ ကျိန်စာသင့်ခြင်းထဲမှ လွတ်မြောက်စေတော်မူ၏။