Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 22:52 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

52 ထို့နောက် ယေရှု​သည် မိမိ​အား​ဖမ်းဆီး​ရန် ရောက်ရှိလာသော ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ဗိမာန်တော်​အစောင့်များ​၏​ခေါင်းဆောင်များ​နှင့် အကြီးအကဲများ​အား “ဓားပြ​တစ်ဦး​ကို ဖမ်းဆီး​သကဲ့သို့ ငါ့​ကို​ဖမ်းဆီး​ရန် တုတ်များ၊ ဓားများ​နှင့် လာကြရသလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

52 ထို​နောက်​သ​ခင်​ယေ​ရှု​က​မိ​မိ​အား​ဖမ်း​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​အား ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန်​ဋ္ဌား​များ၊ တုတ်​များ​နှင့် လာ​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

52 ထို နောက် ရောက် လာ ကြ သော ပ ရော ဟိတ် ကြီး များ၊ ဗိ မာန် တော် မ ဟာ ဒါန် ဝန် များ၊ လူ ကြီး များ တို့ အား ယေ ရှု က သင် တို့ သည် ဓား တုတ် လက် နက် စွဲ ကိုင် လျက် ဓား ပြ ဖမ်း ထွက် သ ကဲ့ သို့ လာ ကြ သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

52 ထို​အ​ခါ အ​ထံ​တော်​သို့​ရောက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ဗိ​မာန်​တော်​မှူး၊ လူ​အ​ကြီး​အ​ကဲ​တို့​အား ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

52 ထို့နောက် ယေရှု​သည် မိမိ​ကို​ဖမ်းဆီး​ရန်​ရောက်လာ​ကြ​သော ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​များ​နှင့် သက်ကြီးဝါကြီး​များ​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် လာ​ကြ​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

52 ထို​အ​ခါ အ​ထံ​တော်​သို့​ရောက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ဗိ​မာန်​တော်​မှူး၊ လူ​အ​ကြီး​အ​ကဲ​တို့​အား ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 22:52
10 ပူးပေါင်းရင်းမြစ်များ  

ယုဒ​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဗိမာန်တော်​အစောင့်တို့​၏​ခေါင်းဆောင်များ​ထံ သွား​၍ ယေရှု​ကို မည်သည့်​နည်း​ဖြင့် သူတို့​လက်​သို့ အပ်ရမည်​ကို တိုင်ပင်၏။


ထို့နောက် ဗိမာန်တော်​တပ်မှူး​သည်​အစောင့်တပ်သားများ​နှင့်အတူ သွားကြပြီး​လျှင် တမန်တော်တို့​ကို ခေါ်ဆောင်လာကြ၏။ သို့သော်လည်း လူတို့​သည် မိမိတို့​အား ကျောက်ခဲ​နှင့် ပေါက်သတ်မည်​ကို​ကြောက်​သောကြောင့် တမန်တော်တို့​ကို အကြမ်းမဖက်ကြ။


အကျွန်ုပ်​သည်လည်း ထို​သူတို့​နှင့်အတူ​ရှိ​စဉ် အကျွန်ုပ်​အား ကိုယ်တော်​ပေးအပ်တော်မူသော ကိုယ်တော်​၏​တန်ခိုးတော်​အားဖြင့် သူတို့​ကို ကာကွယ်ခဲ့ပါ၏။ ထို​သူတို့​တွင် ပျက်စီးထိုက်သူ​တစ်ဦး​မှလွဲ၍ အခြား​မည်သူ​မျှ မပျက်စီး​စေရန်​လည်း ကျွန်ုပ်​စောင့်ရှောက်ခဲ့ပါ၏။ ထို​သူ ပျက်စီးခြင်း​မှာ ကျမ်းစာ​တွင် ဖော်ပြထားသည့်​အတိုင်း ဖြစ်ပျက်လာ​ရန်​ဖြစ်၏။


ထို့နောက် ယေရှု​က လူထု​အား “သင်တို့​သည် ဓားပြ​တစ်ဦး​ကို ဖမ်းဆီး​သကဲ့သို့ ငါ့​ကို ဖမ်းဆီး​ရန် တုတ်များ၊ ဓားများ​နှင့် လာကြရသလော။ ငါ​သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်​တွင် ထိုင်​၍ ဟောပြော​သွန်သင်​နေစဉ် သင်တို့​သည် ငါ့​ကို မဖမ်းဆီးဘဲ​နေကြ၏။


ထိုသို့ မိန့်တော်မူ​စဉ် တပည့်တော်​ဆယ့်နှစ်ပါး​အနက် တစ်ပါး​ဖြစ်သော ယုဒ​သည် တုတ်​နှင့်​ဓားများ​ကို ကိုင်ဆောင်သော​လူအုပ်ကြီး​နှင့်အတူ ရောက်လာ၏။ ထို​သူတို့​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် အကြီးအကဲတို့​က လွှတ်လိုက်သော​လူအုပ် ဖြစ်၏။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ‘သူ​သည် ရာဇဝတ်​ကျူးလွန်သူများ စာရင်း​တွင် ထည့်သွင်းခြင်း​ခံရ၏’ ဟူသော ကျမ်းစကား​သည် ငါ​၌​ဖြစ်ပျက်လာ​ရမည်။ အဘယ်ကြောင့်ဆိုသော် ငါ့​အား​ရည်ညွှန်းသည့်​အရာ​သည် ဖြစ်ပျက်​လျက်​ရှိနေ​သောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။


သို့သော် ယေရှု​က “ရပ်လော့” ဟု ဟန့်တား​လျက် ပြတ်သွားသော​နားရွက်​ကို လက်တော်​ဖြင့် တို့ထိ​ကာ ပကတိအတိုင်း​ဖြစ်စေတော်မူ၏။


ငါ​သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်​တွင် သင်တို့​နှင့်အတူ​ရှိစဉ် မဖမ်းဆီးဘဲ​နေကြ၏။ သို့သော်လည်း ဤ​အချိန်​သည် သင်တို့​၏​အချိန်၊ အမှောင်ထု​ကြီးစိုးချိန် ဖြစ်၏” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ