လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
လုကာ 22:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စားပွဲတွင်ထိုင်နေသောသူနှင့် အစေခံနေသောသူတွင် မည်သူသည် ပို၍ မြင့်မြတ်သနည်း။ စားပွဲတွင်ထိုင်နေသောသူသည် မြင့်မြတ်သည်မဟုတ်လော။ သို့သော် ငါသည် သင်တို့အထဲတွင် အစေခံသောသူကဲ့သို့ဖြစ်၏။ Common Language Bible စားပွဲထိုင်သူ၊ အစေခံသူတို့အနက်အဘယ်သူ သာ၍ကြီးမြတ်သနည်း၊ စားပွဲထိုင်သူမဟုတ် လော။ သို့ရာတွင်ငါသည်သင်တို့တွင်အစေခံသူ သဖွယ်ဖြစ်၏။ Garrad Bible စား ပွဲ ထိုင် သူ၊ အ စေ ခံ သူ တို့ အ နက် မည် သူ ကြီး မြတ် သ နည်း။ စား ပွဲ ထိုင် သူ မ ဟုတ် လော။ ငါ မူ ကား သင် တို့ ဘောင် တွင် အ စေ ခံ သ ဖွယ် ဖြစ် ၏။ Judson Bible အဘယ်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ်ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သည်မဟုတ်လော။ သို့သော်လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း စားပွဲ၌ထိုင်နေသောသူနှင့် လုပ်ကျွေးပြုစုသောသူတို့တွင် မည်သူသည် ပို၍ကြီးမြတ်သနည်း။ စားပွဲ၌ထိုင်နေသောသူမဟုတ်လော။ သို့သော် ငါသည် သင်တို့အလယ်တွင် လုပ်ကျွေးပြုစုသောသူကဲ့သို့ဖြစ်၏။ မြန်မာ အဘယ်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ်ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သည်မဟုတ်လော။ သို့သော်လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။- |
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ထိုသို့ သခင်၏အိမ်အပြန်ကို အသင့်စောင့်နေကြသောအစေခံတို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုရလျှင် ထိုသခင်သည် အစေခံများအား ထိုင်စေ၍ ခါးစည်းကို ဝတ်လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေးလိမ့်မည်။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့သိကြ၏။ ကိုယ်တော်သည် ချမ်းသာသော်လည်း သင်တို့၏ အကျိုးကိုထောက်၍ ဆင်းရဲခံတော်မူ၏။ ထိုသို့ဆင်းရဲခံတော်မူခြင်းမှာ သင်တို့ ချမ်းသာလာစေရန် ဖြစ်၏။