တပည့်တော်တို့က “သခင်… မည်သည့်အရပ်တွင် ဖြစ်ပျက်ပါမည်နည်း” ဟု မေးကြရာ ကိုယ်တော်က “အသေကောင်ရှိရာအရပ်၌ လင်းတများ စုဝေးတတ်ကြသည်” ဟု မိန့်တော်မူ၏။
လုကာ 21:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်သည် ကမ္ဘာ့မြေမျက်နှာတစ်ပြင်လုံးပေါ်တွင် နေထိုင်သောသူများအားလုံးအပေါ်သို့ ကျရောက်လာမည်ဖြစ်သောကြောင့်ပင်။ Judson Bible ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို မြေတစ်ပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထိုနေ့ရက်သည် မြေတစ်ပြင်လုံး၌နေထိုင်သူအပေါင်းတို့အပေါ်သို့ သက်ရောက်လာလိမ့်မည်။ မြန်မာ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို မြေတစ်ပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။- |
တပည့်တော်တို့က “သခင်… မည်သည့်အရပ်တွင် ဖြစ်ပျက်ပါမည်နည်း” ဟု မေးကြရာ ကိုယ်တော်က “အသေကောင်ရှိရာအရပ်၌ လင်းတများ စုဝေးတတ်ကြသည်” ဟု မိန့်တော်မူ၏။
အပျော်အပါးလိုက်စား၍ သောက်စားမူးယစ်ခြင်း၊ လောကီဘဝအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်းစေရန် သတိပြုကြလော့။ ထိုသို့မဟုတ်ပါက ထိုနေ့ရက်သည် ထောင်ချောက်ကဲ့သို့ သင်တို့အပေါ် ရုတ်တရက်ကျရောက်လာလိမ့်မည်။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် လူတစ်ဦးကို ဖန်ဆင်းပြီး ထိုလူမှ လူမျိုးရှိသမျှကို တိုးပွားစေ၍ ကမ္ဘာမြေကြီးတစ်ခုလုံးတွင် နေထိုင်ပျံ့နှံ့စေတော်မူ၏။ ထိုသူတို့နေထိုင်ရာ အချိန်ကာလနှင့် နယ်နိမိတ်များကိုလည်း သတ်မှတ်ပိုင်းခြားတော်မူ၏။
“ကြည့်လော့။ သူခိုးကဲ့သို့ ငါလာမည်။ သို့ဖြစ်၍ အဝတ်မပါဘဲ သွားလာသဖြင့် အရှက်ကွဲခြင်းမျိုး မဖြစ်စေရန် မိမိ၏ အဝတ်ကို အသင့်ဝတ်ဆင်လျက် နိုးကြားနေသောသူသည် မင်္ဂလာရှိ၏။”