တစ်နေ့တွင် ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ယေရှုကို စမ်းသပ်လိုသဖြင့် ချဉ်းကပ်၍ ကောင်းကင်မှ နိမိတ်လက္ခဏာကိုပြရန် တောင်းဆိုကြ၏။
လုကာ 20:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ယေရှုသည် ထိုသူတို့၏ပရိယာယ်ကို သိမြင်တော်မူသဖြင့် Common Language Bible ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကို သိမြင်တော်မူသဖြင့်။- Garrad Bible ကိုယ် တော် သည် ထို သူ တို့၏ စဉ်း လဲ ခြင်း ကို သိ မြင်၍၊ Judson Bible ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ယှက်ကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်သည် သူတို့၏ပရိယာယ်ကိုသိတော်မူ၍ မြန်မာ ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ယှက်ကြသနည်း။- |
တစ်နေ့တွင် ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ယေရှုကို စမ်းသပ်လိုသဖြင့် ချဉ်းကပ်၍ ကောင်းကင်မှ နိမိတ်လက္ခဏာကိုပြရန် တောင်းဆိုကြ၏။
သို့သော်လည်း ယေရှုသည် ထိုသူတို့၏ ဆိုးညစ်သောအကြံအစည်ကို သိတော်မူသဖြင့် “သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။
ထို့ကြောင့် သူတို့သည် ယေရှုကို အထူးစောင့်ကြည့်လျက် နေကြ၏။ စကားတော်ထဲမှလည်း အပြစ်ရှာ၍ အစိုးရအာဏာပိုင်လက်သို့ အပ်နိုင်ရန် သူတော်ကောင်းယောင်ဆောင်ထားသော သူလျှိုများကို စေလွှတ်ထားကြ၏။
ဆီဇာဘုရင်အား အကျွန်ုပ်တို့က အခွန်ပေးဆောင်ခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော။ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
“ဒင်္ဂါးပြားတစ်ပြားကို ပြလော့။ ဤဒင်္ဂါးပြားပေါ်၌ မည်သူ့ပုံနှင့် မည်သူ့အမည် ပါရှိသနည်း” ဟု မေးတော်မူ၏။ ထိုသူတို့ကလည်း “ဆီဇာဘုရင်၏ပုံနှင့်အမည် ပါရှိသည်” ဟု လျှောက်ကြ၏။
ယေရှုသည် ထိုသူတို့ မည်သို့တွေးတောနေကြသည်ကို သိတော်မူသဖြင့် “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
ကိုယ်တော်သည် ထိုသူတို့၏တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသော်လည်း လက်သေသောသူအား “ထလော့။ လူတို့ရှေ့ လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ရပ်လေ၏။
“အို လှည့်စားမှုအပေါင်း၊ ဆိုးသွမ်းမှုအပေါင်းနှင့် ပြည့်သောမာရ်နတ်၏သား… ဖြောင့်မတ်ခြင်းအပေါင်းတို့၏ရန်သူ… သင်သည် ထာဝရဘုရား၏ဖြောင့်ဖြူးသောလမ်းတော်တို့ကို ကောက်ကွေ့အောင် ပြုလုပ်နေခြင်းမှ မရပ်တန့်ဘဲမနေနိုင်သလော။
ထိုသူတို့ထဲမှ အချို့သောသူတို့သည် ခရစ်တော်ကို အကဲစမ်းသကဲ့သို့ ကျွန်ုပ်တို့သည် အကဲမစမ်းဘဲနေကြကုန်စို့။ ထိုသူတို့သည် အကဲစမ်းသောကြောင့် မြွေကိုက်၍ သေကြ၏။
အဘယ်ကြောင့်ဆိုသော် ဤလောကီပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာ ဖြစ်သောကြောင့်ပင်။ ကျမ်းစာ၌ “ဘုရားသခင်သည် ပညာရှင်တို့ကို သူတို့သုံးသောပရိယာယ်အားဖြင့် ထောင်ချောက်ဆင်၍ဖမ်းတော်မူ၏” ဟု ဖော်ပြထား၏။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
ဖန်ဆင်းတော်မူသောအရာမှန်သမျှသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှား၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မထင်ရှားသည့်အရာ တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ချက်များအတွက် ထိုအရှင်ထံ ဝန်ခံကြရမည်။