Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 20:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 “ဒင်္ဂါးပြား​တစ်ပြား​ကို ပြလော့။ ဤ​ဒင်္ဂါးပြား​ပေါ်၌ မည်သူ့​ပုံ​နှင့် မည်သူ့​အမည် ပါရှိသနည်း” ဟု မေးတော်မူ၏။ ထို​သူတို့​ကလည်း “ဆီဇာဘုရင်​၏​ပုံ​နှင့်​အမည် ပါရှိသည်” ဟု လျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ``ဒင်္ဂါး​တစ်​ပြား​ကို​ငါ့​အား​ပြ​ကြ​လော့။ ဤ ဒင်္ဂါး​တွင်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ ပါ​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``ကဲ​သာ​ဘု​ရင်​၏​ပုံ၊ ကဲ​သာ​ဘု​ရင် ၏​ကမ္ပည်း​လိပ်​စာ​ပါ​ရှိ​ပါ​သည်'' ဟု​ပြန်​၍ လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ငွေ တစ် ကျပ် ကို ပြ ကြ၊ မည် သူ့ ပုံ မည် သူ့ က မ္ဗည်း ပါ သ နည်း ဟု မေး တော် မူ လျှင်၊ ကဲ သာ မင်း၏ ပုံ နှင့် က မ္ဗည်း ပါ ပါ သည် ဟု ဖြေ ဆို ကြ သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ဒေ​နာ​ရိ တစ်​ပြား​ကို​ပြ​ပါ။ အ​ဘယ်​သူ၏​ပုံ၊ အ​ဘယ်​သူ၏​လိပ်​စာ ပါ​ပါ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ပါ​ပါ​သည်​ဟု လျှောက်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 “ငါ့​ကို ဒေနာရိ​တစ်​ပြား​ပြ​ကြ​လော့။ ၎င်း​တွင် မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ပါ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့် ကမ္ပည်းစာ​ပါ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

24 ဒေ​နာ​ရိ တစ်​ပြား​ကို​ပြ​ပါ။ အ​ဘယ်​သူ၏​ပုံ၊ အ​ဘယ်​သူ၏​လိပ်​စာ ပါ​ပါ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ပါ​ပါ​သည်​ဟု လျှောက်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 20:24
14 ပူးပေါင်းရင်းမြစ်များ  

သို့သော် ထို​ကျွန်​သည် ထွက်သွား​ပြီးနောက် သူ့​အား ငွေဒင်္ဂါး​ပြား​တစ်ရာ အကြွေးတင်​နေသော ကျွန်ဖော်ချင်း​တစ်ဦး​ကို တွေ့​လျှင် ထို​သူ​၏ လည်​ကို​ညှစ်​၍ ‘သင်​ချေးယူထားသော​အကြွေး​ကို ဆပ်လော့’ ဟု ဆိုလေ၏။


ထို​သူ​သည် လုပ်သားတို့​အား နေ့စားခ​ငွေဒင်္ဂါး​တစ်ပြား ပေး​ရန် သဘောတူ​ပြီးနောက် မိမိ​စပျစ်ခြံ​သို့ စေလွှတ်လိုက်၏။


ထိုအခါ ယေရှု​က “ဤ​ဒင်္ဂါးပြား​ပေါ်၌ မည်သူ့​ပုံ​နှင့် မည်သူ့​အမည် ပါရှိသနည်း” ဟု မေးတော်မူ၏။


ဒင်္ဂါးပြား​တစ်ပြား​ကို ယူ​၍ ပေးကြ​သောအခါ ယေရှု​က “ဤ​ဒင်္ဂါးပြား​ပေါ်၌ မည်သူ့​ပုံ​နှင့် မည်သူ့​အမည် ပါရှိသနည်း” ဟု မေးတော်မူ၏။ ထို​သူတို့​ကလည်း “ဆီဇာဘုရင်​၏ ပုံ​နှင့်​အမည် ပါရှိသည်” ဟု လျှောက်ကြ၏။


ထို​ကာလ​၌ ရောမ​ဘုရင် ဩဂတ်စ်တပ်စ်​ဆီဇာ​သည် တစ်နိုင်ငံလုံး​တွင် သန်းခေါင်စာရင်း​ကောက်ယူ​ရန် ကြေညာချက်​ထုတ်ပြန်၏။


ဆီဇာဘုရင်​အား အကျွန်ုပ်တို့​က အခွန်​ပေးဆောင်ခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသလော။ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။


သို့သော်လည်း ယေရှု​သည် ထို​သူတို့​၏​ပရိယာယ်​ကို သိမြင်တော်မူ​သဖြင့်


ထိုအခါ ယေရှု​က “သို့ဖြစ်လျှင် ဆီဇာဘုရင်​နှင့်​ဆိုင်သော​အရာများ​ကို ဆီဇာဘုရင်​အား ပေးဆောင်ကြလော့။ ဘုရားသခင်​နှင့်​ဆိုင်သော​အရာများ​ကို ဘုရားသခင်​အား ပေးဆောင်ကြလော့” ဟု ထို​သူတို့​အား မိန့်တော်မူ၏။


ထို​သူတို့​က “ဤ​သူ​သည် ပြည်သူလူထု​ကို လမ်းမှားစေ​၍ ဆီဇာဘုရင်​ထံ အခွန်​ပေးဆောင်ခြင်း​အား တားမြစ်နေသည်​ကို​လည်းကောင်း၊ မိမိကိုယ်ကိုယ် ခရစ်တော်​ဟူသော ရှင်ဘုရင်​တစ်ပါး​ဖြစ်ကြောင်း ပြောဆိုနေသည်​ကို​လည်းကောင်း အကျွန်ုပ်တို့​တွေ့ရှိပါသည်” ဟု စွပ်စွဲကြ၏။


ရောမဘုရင် တိဗေရိ​ဆီဇာ နန်းစံနှစ် ဆယ့်​ငါးနှစ်​တွင် ပုန္တိပိလတ်မင်း​သည် ယုဒပြည်​၏​ဘုရင်ခံ ဖြစ်၏။ ဂါလိလဲပြည်​တွင် ဟေရုဒ်၊ ဣကုရဲပြည်​နှင့် တရားခေါနိတ်ပြည်​တွင် ဟေရုဒ်​၏​ညီ ဖိလိပ္ပု၊ အဘိလင်ပြည်​တွင် လုသာနိ စသဖြင့်​အသီးသီး​အုပ်ချုပ်​လျက်​ရှိ၏။


သူတို့​အထဲ​မှ အာဂဗု​အမည်​ရှိသော​သူ​သည် ထ​၍ ကမ္ဘာ​တစ်ဝန်းလုံး​တွင် ပြင်းထန်သော​အစာခေါင်းပါးခြင်း ဖြစ်​လိမ့်မည်​ဟု ဝိညာဉ်တော်​ဖွင့်ပြခြင်း​အားဖြင့် ကြိုဟောလေ၏။ ထို​အစာခေါင်းပါးခြင်း​သည် ကလောဒိမင်း​လက်ထက်​တွင် ဖြစ်ပွား၏။


အဂြိပ္ပမင်းကြီး​ကလည်း ဖေတ္တုမင်း​အား “ဤ​သူ​သည်​ဆီဇာဘုရင်​ထံ အယူခံဝင်ခြင်း​မပြုခဲ့​ပါလျှင် လွှတ်ပေးနိုင်သည်” ဟု ဆိုလေ၏။


ဤ​နေရာ​၌ ရှိသော ယုံကြည်သူများ၊ အထူး​သဖြင့် ဆီဇာဘုရင်​၏ နန်းတော်​၌ ရှိသော​သူတို့​က သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ