ထို့နောက် ဟေရုဒ်မင်းထံသို့ လှည့်ပြန်မသွားရန် အိပ်မက်တွင် ဘုရားသခင်သတိပေးတော်မူသဖြင့် သူတို့သည် အခြားလမ်းဖြင့် မိမိတို့၏တိုင်းပြည်သို့ ပြန်သွားကြ၏။
လုကာ 2:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ထာဝရဘုရား၏ခရစ်တော်ကို ကိုယ်တိုင်မတွေ့မမြင်ရဘဲ မသေရဟူ၍ သန့်ရှင်းသောဝိညာဉ်တော်၏ဖွင့်ပြထားခြင်းကို ခံရသူဖြစ်၏။ Common Language Bible ``သင်သည်ဘုရားသခင်ကတိထားတော်မူသော မေရှိယကိုမဖူးမမြင်ရမီမသေရ'' ဟုသန့်ရှင်း သောဝိညာဉ်တော်အားဖြင့်ဗျာဒိတ်ကိုခံယူရရှိ သူလည်းဖြစ်၏။- Garrad Bible ထာ ဝ ရ ဘု ရား၏ ဘိ သိက် တော် ခံ မင်း ကို မ ဖူး မီ မ သေ ရ ဟု သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဗျာ ဒိတ် တော် ခံ ခဲ့ ရ ပြီ။ Judson Bible သူသည် ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မီ မသေရဟု ဗျာဒိတ်တော်ကိုရ၏။- မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ခရစ်တော်ကိုမမြင်ရမီ သေခြင်းနှင့်မကြုံရဟူသောဗျာဒိတ်တော်ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ရရှိထား၏။ မြန်မာ သူသည် ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မီ မသေရဟု ဗျာဒိတ်တော်ကိုရ၏။- |
ထို့နောက် ဟေရုဒ်မင်းထံသို့ လှည့်ပြန်မသွားရန် အိပ်မက်တွင် ဘုရားသခင်သတိပေးတော်မူသဖြင့် သူတို့သည် အခြားလမ်းဖြင့် မိမိတို့၏တိုင်းပြည်သို့ ပြန်သွားကြ၏။
“အရာအားလုံးကို အုပ်စိုးတော်မူသောအရှင်ဘုရားသခင်… ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏အစေခံ အကျွန်ုပ်ကို ငြိမ်းချမ်းစွာ သေရသောအခွင့်ကို ယခုပေးတော်မူပြီ။
ငါအမှန်ဆိုရလျှင် ဤနေရာ၌ ရပ်နေကြသောသူ တချို့သည် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
သူသည် အစ်ကိုဖြစ်သူ ပေတရုကို ဦးစွာရှာ၍ “မေရှိယကို ငါတို့ တွေ့မြင်ပြီ” ဟု ဆို၏။ (မေရှိယ၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ” ဖြစ်၏။)
သို့သော် ယေရှုသည် ဘုရားသခင်၏ သားတော် ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန်နှင့် ထိုသို့ ယုံကြည်၍ နာမတော်၏တန်ခိုးအားဖြင့် အသက်ကို ရရှိကြစေရန် ဤကျမ်းစာကို ရေးသားရခြင်းဖြစ်၏။
“ကျွန်မပြုခဲ့သမျှကို အကုန်အစင်ဖော်ပြနိုင်သောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်မည်လော” ဟု လူတို့အား ပြောလေ၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် မည်သို့ဘိသိက်ပေးခဲ့ကြောင်းကိုလည်း သင်တို့သိကြ၏။ ဘုရားသခင်သည် ယေရှုနှင့် အတူပါရှိတော်မူသဖြင့် ယေရှုသည်လည်း ကောင်းမှုပြု၍ နတ်ဆိုးပူးသောသူများအား ပျောက်ကင်းကျန်းမာစေလျက် အရပ်ရပ်သို့ လှည့်လည်တော်မူ၏။
ခရစ်တော်သည် ဒုက္ခဝေဒနာကိုခံစားရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ရမည်ဖြစ်ကြောင်း အထောက်အထားများနှင့်တကွ ရှင်းလင်းဖော်ပြပြီးလျှင် “သင်တို့အား ကျွန်ုပ်ပြောပြသောယေရှုသည် ခရစ်တော်ပင်ဖြစ်သည်” ဟု ပြောလေ၏။
ထို့ကြောင့် အစ္စရေးလူမျိုးအပေါင်းတို့… လက်ဝါးကပ်တိုင်ပေါ်တွင် သင်တို့သတ်သော ထိုယေရှုကို ဘုရားသခင်သည် အရှင်သခင်နှင့်ခရစ်တော်အရာ၌ ခန့်ထားတော်မူသည်ကို သေချာစွာ သိမှတ်ကြလော့” ဟူ၍ ဖြစ်၏။
ထို့နောက် ချက်ချင်းပင် ရှောလုက “ယေရှုသည် ဘုရားသားတော်ဖြစ်ပေသည်” ဟူ၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလေ၏။
ဧနောက်သည် မိမိယုံကြည်ခြင်းကြောင့် သေခြင်းတရားကို မကြုံတွေ့ရဘဲ ဘုရားသခင်ထံသို့ ဘဝကူးပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသဖြင့် သူ့ကို မည်သူမျှ မတွေ့ရတော့ပေ။ အမှန်တွင်မူ ဘဝမပြောင်းမီက သူသည် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူအဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်၏။