ဟေဗြဲ 11:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ဧနောက်သည် မိမိယုံကြည်ခြင်းကြောင့် သေခြင်းတရားကို မကြုံတွေ့ရဘဲ ဘုရားသခင်ထံသို့ ဘဝကူးပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသဖြင့် သူ့ကို မည်သူမျှ မတွေ့ရတော့ပေ။ အမှန်တွင်မူ ဘဝမပြောင်းမီက သူသည် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူအဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ဧနောက်သည်အရှင်လတ်လတ်ကောင်းကင်ဘုံ သို့ယူဆောင်ခြင်းကိုခံရသည်မှာ သူ၏ ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ဘုရားသခင် သည်သူ့ကိုယူဆောင်သွားတော်မူသဖြင့် သူ့အားမည်သူမျှရှာ၍မတွေ့နိုင်။ ဘုရား သခင်ယူဆောင်တော်မူခြင်းကိုမခံရမီ အခါက ဧနောက်သည်ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သူဖြစ်သည်ဟူ၍ ကျမ်း စာတော်ကဖော်ပြထား၏။- အခန်းကိုကြည့်ပါ။Garrad Bible5 ယုံ ကြည် ခြင်း အား ဖြင့် ဧ နောက် သည် သေ ခြင်း နှင့် မ ကြုံ ကြိုက် ဘဲ ဘ ဝ ပြောင်း ရာ ဘု ရား သ ခင် ပြောင်း စေ တော် မူ သည့် အ တိုင်း ကွယ် ပျောက် လေ၏။ ဘ ဝ မ ပြောင်း မီ ဘု ရား သ ခင့် စိတ် တော် နှင့် တွေ့ သူ ဟူ သော အ သ ရေ ရ သူ ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible5 ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တစ်ဖန် မပေါ်မရှိ။ သူသည် ဘဝမပြောင်းမီ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ယုံကြည်ခြင်းအားဖြင့် ဧနောက်သည် သေခြင်းနှင့်မကြုံတွေ့ရဘဲ ဘဝပြောင်းခွင့်ရ၏။ ဘုရားသခင်သည် သူ့အားဘဝပြောင်းစေတော်မူသောကြောင့် သူ့ကိုမတွေ့ရကြတော့ချေ။ သူသည် ဘဝမပြောင်းမီ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူဖြစ်ကြောင်း အသိအမှတ်ပြုခြင်းကိုခံရ၏။ အခန်းကိုကြည့်ပါ။ |