ဂုဏ်သရေရှိသောတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသော အရိမဿဲမြို့သား ယောသပ်သည် ပိလတ်မင်းထံသို့ ရဲရင့်စွာ သွား၍ ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။
လုကာ 2:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ ဂျေရုဆလင်မြို့တွင် ရှိမောင်ဟု ခေါ်သော လူတစ်ဦးရှိ၏။ သူသည် သူတော်ကောင်းတစ်ဦးဖြစ်ပြီး ဘုရားတရားကိုင်းရှိုင်းသူလည်း ဖြစ်၏။ အစ္စရေးလူမျိုးတို့အား နှစ်သိမ့်တော်မူမည့် ကယ်တင်ရှင်ကြွလာမည်ကို စောင့်မျှော်နေသူ ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သူ့အပေါ်၌ တည်နေ၏။ Common Language Bible ထိုအခါ၌ယေရုရှလင်မြို့တွင်ရှုမောင်နာမည် ရှိသောလူတစ်ယောက်ရှိ၏။ သူသည်ဘုရားတရား ကြည်ညိုသောသူတော်ကောင်းတစ်ဦးဖြစ်၏။ ဣသ ရေလလူမျိုးတို့ကယ်တင်ခြင်းကိုရရှိရန်စောင့် မျှော်နေသူတည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် သူနှင့်အတူရှိ၏။- Garrad Bible ထို အ ခါ ယေ ရု ရှ လင် မြို့ တွင် ဣ သ ရေ လ လူ မျိုး တို့ ချမ်း သာ ရာ ချမ်း သာ ကြောင်း ကို စောင့် မြော် လျက် ဘု ရား တ ရား ကြည် ညို သော သူ တော် ကောင်း ရှု မောင် အ မည် ရှိ သူ တစ် ယောက် ရှိ ရာ သန့် ရှင်း သော ဝိ ညာဉ် တော် သည် သူ့ အ ပေါ်၌ တည် သည့် အ တိုင်း၊ Judson Bible ထိုအခါ ရှုမောင်အမည်ရှိသော သူတစ်ယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မျှော်လင့်သောသူ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ၌ ဂျေရုဆလင်မြို့တွင် ရှိမောင်အမည်ရှိသောလူတစ်ဦးရှိ၏။ သူသည် ဘုရားတရားကြည်ညို၍ ဖြောင့်မတ်သောသူဖြစ်ပြီး အစ္စရေးလူမျိုးခံစားရမည့်နှစ်သိမ့်မှုကို စောင့်မျှော်နေသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌တည်သည်ဖြစ်၍ မြန်မာ ထိုအခါ ရှုမောင်အမည်ရှိသော သူတစ်ယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မျှော်လင့်သောသူ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊- |
ဂုဏ်သရေရှိသောတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသော အရိမဿဲမြို့သား ယောသပ်သည် ပိလတ်မင်းထံသို့ ရဲရင့်စွာ သွား၍ ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။
မာရိနှုတ်ဆက်သောအသံကို ဧလိရှဗက်ကြားသောအခါ သူ၏ဗိုက်ထဲ၌ ရှိသောကလေးသည် လှုပ်လေ၏။ ဧလိရှဗက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်
ဇာခရိနှင့် ဧလိရှဗက်တို့သည် ထာဝရဘုရား၏ပညတ်တော်အပေါင်းနှင့် ပြဋ္ဌာန်းထားသောစည်းမျဉ်းများကို အပြစ်ဆိုဖွယ်မရှိအောင် လိုက်နာကြ၏။ သူတို့သည် ဘုရားသခင်က မှန်ကန်ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူခြင်းကိုခံရသူများ ဖြစ်ကြ၏။
သူငယ်၏ဖခင်ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်၍ အနာဂတ်ကို ဟောပြောသည်မှာ
ရှိမောင်သည် မာရိနှင့် ယောသပ်တို့အား စကားပြောနေချိန်တွင် အန္နသည် ရောက်လာကာ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ထို့နောက် ဂျေရုဆလင်မြို့ ရွေးနုတ်ကယ်တင်ခံရမည်ကို စောင့်မျှော်လျက်ရှိသောသူအပေါင်းတို့အား ထိုသူငယ်အကြောင်းကို ပြောလေ၏။
လွှတ်တော်အဖွဲ့၏ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်ကို လက်မခံသောသူဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသောသူလည်း ဖြစ်၏။
သူနှင့်တကွ မိသားစုဝင်များသည် ဘုရားသခင်အား ကြောက်ရွံ့၍ ဘုရားတရားကိုင်းရှိုင်းသူလည်းဖြစ်၏။ တစ်ပါးသူတို့အား အလှူအတန်းရက်ရောပြီး ဘုရားသခင်ထံ စဉ်ဆက်မပြတ်ဆုတောင်းသောသူလည်း ဖြစ်၏။
ထိုသူတို့က “ကျွန်ုပ်တို့ကို တပ်မှူးကော်နေလိက လွှတ်လိုက်ပါ၏။ သူသည် ဘုရားသခင်ကိုကြောက်ရွံ့၍ သမာသမတ်ကျသူဖြစ်ပြီး ဂျူးလူမျိုးတစ်ရပ်လုံး၏ချီးမွမ်းခြင်းခံရသောသူလည်း ဖြစ်၏။ သူ၏အိမ်သို့ သင့်ကို ဖိတ်ခေါ်၍ သင်ဟောပြောမည့်အကြောင်းကိုကြားနာရန် သန့်ရှင်းသောကောင်းကင်တမန်သည် သူ့အား ညွှန်ကြားလိုက်ပါ၏” ဟု တုံ့ပြန်ကြ၏။
ထိုနေ့တွင် ကောင်းကင်အောက်ရှိ တိုင်းနိုင်ငံအသီးသီးမှ ဘုရားတရားကိုင်းရှိုင်းသော ဂျူးတို့သည် ဂျေရုဆလင်မြို့၌ ရှိနေကြ၏။
ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်နှင့် လူအများရှေ့တွင် အစဉ်အမြဲ လိပ်ပြာသန့်နိုင်ရန် ကြိုးစားပါ၏။
အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ့အလိုအရ ဖြစ်ပေါ်လာသည်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှ လာသောစကားကို ဟောပြောသောကြောင့်ဖြစ်၏။